®mn\ma ®mn\maNuic\cMpt\wn\;k¥c\Suic\ra Sn\;ss\el.laK¥k\ err˙v\tv\tM.mO' “cim\;K¥m\;er;N˙c\. qayawe®pamOS^qui≥ q∑a;ralm\; AN˙s\K¥op\ အစီရင်ခံစာအမှတ် - အေယူအက်စ် ၀၀၀၀၇၅၇ မြန်မာ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် မေ ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ လုပ်ငန်း မူပိုင်ခွင့် ၂၀၁၉ - ကမ္ဘာ့ဘဏ် ၁၈၁၈ H Street NW ၊ ဝါရှင်တန် ဒီစီ ၂၀၄၃၃ တယ်လီဖုန်း - ၂၀၂-၄၇၃-၁၀၀၀ ၊ အင်တာနက် - www.worldbank.org အချို့သော ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို လက်ဝယ်ထားရှိသည်။ ဤဆန်းစစ်ချက်သည် ကမ္ဘာ့ဘဏ်ဝန်ထမ်းများ ကြိုးပမ်းအားထုတ်မှု၏ ရလဒ်တစ်ခုဖြစ်ပါသည်။ ဤဆန်းစစ်ချက်တွင် ဖော်ပြထားသော တွေ့ ရှိချက်၊ အဓိပ္ပါယ် ကောက်ယူချက်နှင့် ကောက်ချက်ချသုံးသပ်မှုများသည် ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ဘဏ်အုပ်ချုပ်မှုဘုတ်အဖွဲ့ ဝင်များ၊ ၎င်းတို့ ကိုယ်စားပြုသော အစိုးရအဖွဲ့ များ၏ အမြင်များကို ဖော်ထုတ်တင်ပြထားခြင်းမဟုတ်ပါ။ ဤအစီရင်ခံစာပါ အချက်အလက်များ၏ တိကျသေချာမှုကို ကမ္ဘာ့ဘဏ်အနေဖြင့် အာမခံမည် မဟုတ်ပါ။ ဤ ဆန်းစစ်ချက်တွင် ဖော်ပြထားသော မြေပုံများရှိ နယ်နိမိတ်သတ်မှတ်ချက်များ၊ အရောင်များ၊ အမျိုးအစား ခွဲခြားမှုများနှင့် အခြားသော သတင်းအချက်အလက် များသည် အဆိုပါ ပိုင်နက်နယ်မြေများ၏ ဥပဒေကြောင်းဆိုင်ရာ တရားဝင်မှုအနေအထား သို့မဟုတ် နယ်နိမိတ်သတ်မှတ်ချက်များကို လက်ခံခြင်း၊ အတည်ပြု ခြင်းများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ မည်သည့်ထင်မြင်ချက် သဘောထားကိုမျှ ညွှန်းဆိုခြင်း မရှိသကဲ့သို့ ကမ္ဘာ့ဘဏ်နှင့်လည်း သက်ဆိုင်ခြင်းမရှိပါ။ မူပိုင်ခွင့်နှင့် နှင့် ခွင့်ပြုချက်များ ဤဆန်းစစ်ချက်တွင်ပါဝင်သော အရာများသည် မူပိုင်ခွင့်ရှိပါသည်။ ကမ္ဘာ့ဘဏ်သည် အသိပညာဖြန့်ဝေခြင်းကို အားပေးသည့်အားလျော်စွာ စီးပွားရေးလုပ်ငန်းသုံး ကိစ္စများ မဟုတ်လျှင် ဆန်းစစ်ချက်ပါ တွေ့ ရှိချက်များ၊ ဖော်ပြချက်များအတိုင်း မပြောင်းသရွေ့ ဤဆန်းစစ်ချက်၏ အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြန်လည်ဖြန့်ဝေခြင်းအား ခွင့်ပြုပါသည်။ ရည်ညွန်းကိုးကားခြင်း - ဤဆန်းစစ်ချက်အား အောက်ပါအတိုင်း ကိုးကားနိုင်ပါသည်- “ကမ္ဘာ့ဘဏ် ၂၀၀၉ ၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်၊ မူပိုင်ခွင့်၊ ကမ္ဘာ့ဘဏ်” တစ်ဆင့်ထုတ်ဝေခွင့်အပါအဝင် လုပ်ပိုင်ခွင့်နှင့် ခွင့်ပြုမိန့်တို့နှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက ကမ္ဘာ့ဘဏ်ထုတ်လုပ်ရေး (စာအုပ်တိုက်)၊ ကမ္ဘာ့ဘဏ်အုပ်စု၊ ၁၈၁၈ H Street NW ၊ ဝါရှင်တန် ဒီစီ ၂၀၄၃၃၊ အမေရိကန်နိုင်ငံ၊ ဖက်စ်- ၂၀၂-၅၂၂-၂၆၂၅၊ အီးမေးလ် - pubrights@worldbank.org. သို့ လိပ်မူ၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ ဓာတ်ပုံ - ခိုင်သွယ်ဝင်း၊ Lesya Verheijen နှင့် RECOFTC ®mn\maNuic\cMpt\wn\;k¥c\Suic\ra Sn\;ss\el.laK¥k\ err˙v\tv\tM.mO' “cim\;K¥m\;er;N˙c\. qayawe®pamOS^qui≥ q∑a;ralm\; AN˙s\K¥op\ Support by PROBLUE 1 ကျေးဇူးတင်လွှာ ဤ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်ကို Martin Fodor နှင့် Stephen Ling တို့ ဦးဆောင်သောအဖွဲ့ က ရေးသားပြုစုထားခြင်း ဖြစ်ပါသည်။ အဓိက ရေးသားပြုစုသူများအဖွဲ့ တွင် အေးမာလာဝင်း၊ Katelijn van den Berg ၊ ခိုင်သွယ်ဝင်း၊ Lesya Verheijen ၊ Nina Doetinchem ၊ Miguel Angel Jorge ၊ Rory Hunter ၊ သီရိအောင်၊ Werner Kornexl တို့ပါဝင်ပါသည်။ ပြင်ပအထောက်အကူပြု ပူးတွဲအဖွဲ့ တွင် အောင်ကျော်သိန်း၊ အောင်အောင်နိုင်၊ Benjamin Belton ၊ Lucy Emerton ၊ Michael di Alessi ၊ Mizushi Satoh ၊ ငွေမိုး၊ Oliver Springate ၊ Rick Gregory ၊ Klaus Sattler ၊ Sanne Tikjoeb ၊ ထွန်းထွန်းသိန်းနှင့် ဝင်းလတ်တို့ ပါဝင်ပါသည်။ အဖွဲ့ အနေဖြင့် စိစစ်သုံးသပ် အကြံပြုသူများဖြစ်သော Andrew Mitchell ၊ Berengere Prince ၊ Carter Brandon ၊ Paola Agostini ၊ Randall Brummett ၊ Timothy Brown ၊ Wolfhart Pohl နှင့် Xavier Vincent တို့ထံမှ ပညာရပ်ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးချက်များ ရရှိခဲ့ပါသည်။ ဤ မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာချက်ကို Ellen Goldstein (မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး)၊ Gevorg Sargsyan (မြန်မာနိုင်ငံဆိုင်ရာ ရုံးအဖွဲ့ ခေါင်းဆောင်)၊ Mark Austin (အစီအစဉ် ခေါင်းဆောင်၊ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှု) နှင့် Christophe Crepin (လုပ်ငန်းမန်နေဂျာ၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတလုပ်ငန်းအဖွဲ့ ) တို့၏ အဘက်ဘက်မှ လမ်းညွှန်မှုများဖြင့် ပြုစု ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့ အနေဖြင့် အစီရင်ခံစာ ရေးသားပြင်ဆင်နိုင်ရန် ကြီးစွာသော အထောက်အပံ့ပေးခဲ့သည့် သစ်တောများအတွက် အစီအစဉ် (PROFOR)၊ PROBLUE Multi-Donor Trust Fund ရန်ပုံငွေ၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ ဖြိုးရေး ဦးစီးဌာန နှင့် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဦးစီးဌာနမှ ထောက်ပံ့မှုများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ အဖွဲ့  အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ၊ ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာနှင့် စက်မှုအဖွဲ့ အစည်းနှင့် လူနှင့် သစ်တောများဗဟိုဌာန (RECOTFC) ထံမှ နည်းပညာဆိုင်ရာ ပံ့ပိုး ပါဝင်မှုများကို လက်ခံရရှိခဲ့သည်ကို အသိအမှတ်ပြု ကျေးဇူး တင်ရှိပါသည်။ 2 နိဒါန်း မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်၊ အခြားဆက်စပ်ပတ်သက် သူများအကြား မြန်မာနိုင်ငံတွင်ရှိသော ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ၏ ဦးတည်ရာအလားအလာများအပေါ် နားလည် သဘောပေါက်မှုကို မျှဝေရန်နှင့် တိုးမြင့်လာစေရန် ရည်ရွယ်ပါသည်။ ဤစာတမ်းသည် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွက် မည်သည့်အတွက်ကြောင့် နှင့် မည်သို့မည်ပုံ ကူညီထောက်ပံ့သည်ကို မြန်မာနိုင်ငံတော်အစိုးရ နှင့် ကမ္ဘာ့ဘဏ်အကြား ဆွေးနွေး ညှိနှိုင်းပြောဆိုရာတွင် အခြေခံတစ်ခုအနေဖြင့် အသုံးပြုနိုင်မည်ဟု မျှော်လင့်ပါသည်။ အဆိုပါ ကူညီထောက်ပံ့မှုများသည် နိုင်ငံ ၏ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုနှင့် သဘာဝအရင်းအနှီးများကို ထိရောက်စွာစီမံခန့်ခွဲမှုကို မြှင့်တင်ပေးသင့်ကာ အဆိုပါ အကြောင်းအရာကိစ္စရပ်များကို စိတ်ဝင်စားသည့် အများပြည်သူအတွက်လည်း ထောက်ကူမှုပြုသင့်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရ အခြားဆက်စပ်ပတ်သက်သူများနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးနောက် ဤဆန်းစစ်ချက်အား ဦးစားပေး ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်လေးခုအပေါ်တွင်သာ အလေးပေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါအကြောင်း အရာများမှာ သစ်တော ကဏ္ဍ၊ ငါးလုပ်ငန်း၊ အစိုင်အခဲစွန့်ပစ်ပစ္စည်း၊ လေထုညစ်ညမ်းမှု နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းစနစ် ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်ခြင်းတို့ဖြစ်ပါသည်။ အဆိုပါကဏ္ဍ ၄ ခု တွင် ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်ကြုံတွေ့ နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဦးတည်ရာလမ်းကြောင်းကို ဆန့်ကျင် ရာဘက်သို့ ဦးလှည့်နိုင်စေရန် များစွာထောက်ကူမှု ပြုနိုင်ဖွယ်ရှိသည်ဟု သဘောညီမျှကြပါသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ၂၀၁၂ ခုနှစ် အချိန်ကစ၍ ကြည့်လျှင် မြန်မာနိုင်ငံပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတကဏ္ဍတွင် ပထမဆုံးပြုလုပ်သည့် အဓိကဆန်းစစ် ချက်တစ်ခုဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတသည် အရေးကြီးရုံသာမက ခက်ခဲရှုပ်ထွေးပြီး လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် အစိုးရနှင့် အခြားသော မိတ်ဖက် အဖွဲ့ အစည်းများ ယနေ့အထိ ပြုလုပ်ထားသော ကဏ္ဍအလိုက် လေ့လာမှုနှင့် ဆန်းစစ်ချက်များပေါ် အခြေပြုတည်ဆောက်ကာ ထိုသို့မျှဝေထားသော အသိပညာဗဟုသုတများကိုလည်း စုစည်းတင်ပြထားပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် လေ့လာချက်ကပေးသော ထိုးထွင်းအမြင်သည် ထပ်မံဆောင်ရွက်ရမည့် ဆန်းစစ်မှုများနှင့် ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် အရာများကို အသိပေး ဖော်ထုတ်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒ ပြုပြင်ပြောင်းလဲ မှုများကိုလည်း လမ်းညွှန်မှုပေးနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်တွင် ပါရှိသော လုပ် ငန်းဆောင်ရွက်မှုအချို့ကိုလည်း အထောက်အကူပြုရန် ရည်မှန်းထားပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည့် သစ်တောကဏ္ဍလေ့လာမှုများသည် သစ်တောကဏ္ဍ ဆိုင်ရာ အဆိုပြုစီမံကိန်း ရေးဆွဲပြင်ဆင်နိုင်သည်အထိ အထောက်အကူပြုမည်ဖြစ်သည်။ ဤပတ်ဝန်းကျင်ဆိုင်ရာစီမံကိန်း လေ့လာချက်မှ တွေ့ ရှိချက်များသည် အောက်ပါစီမံကိန်းများအတွက်လည်း အထောက်အပံ့ဖြစ်ပါမည်။ အဆိုပါစီမံကိန်းများမှာ ကရင်၊ ကယား နှင့် မွန်ပြည်နယ်တို့တွင် ကနဦးစတင်ဆောင်ရွက်နေသည့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒေသခံပြည်သူ လူထုအစုအဖွဲ့ များ အဆိုပြုစီမံကိန်း၏ အပိုင်းတစ်ခုအဖြစ် ရေးဆွဲထားသည့် ဒေသခံပြည်သူ အစုအဖွဲ့ ပိုင် သစ်တောလုပ်ငန်း အပိုင်းများ၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှု အထောက်အပံ့ပြုရေး အဆိုပြုစီမံကိန်း၏ အပိုင်းတစ်ခု အဖြစ် ရေးဆွဲထားသည့် ဒီရေတောနှင့် သစ်တောပြန်လည်တည်ထောင်ခြင်းနှင့် ဒေသခံပြည်သူ အစုအဖွဲ့ ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အဆိုပြုစီမံကိန်း၏ အပိုင်းတစ်ခု အဖြစ် ရေးဆွဲထားသည့် ဒေသအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏ စွမ်းဆောင်ရည် တည်ဆောက်ရေး ဆောင်ရွက်မှု လုပ်ငန်းများနှင့် မြန်မာနိုင်ငံ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း အဆိုပြုစီမံကိန်း၏ အပိုင်းတစ်ခုဖြစ်သော သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းတို့ဖြစ်ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် ကမ္ဘာ့ဘဏ်မှ ပြုစုရေးသားလျက်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ စနစ်တကျ လေ့လာဆန်းစစ်ချက်ကိုလည်း အထောက်အကူပြုပါသည်။ ၄င်းစနစ်တကျဆန်းစစ်လေ့လာချက်သည် မကြာခင် ထွက်ပေါ်လာတော့မည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှု မူဘောင် အထူးသဖြင့် ယင်း၏ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးမဏ္ဍိုင်ကို ကျောထောက် နောက်ခံပြုပေးကာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ပါ ပြည်သူများနှင့် ကမ္ဘာမြေမဏ္ဍိုင်ကိုလည်း ထင်ဟပ်စေပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် မြန်မာနိုင်ငံနှင့်ဆိုင်သော အခြားလေ့လာမှုများဖြစ်သည့် သစ်တောမှတ်စု၊ မြန်မာကမ်းရိုး တန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်ထူထောင်ရေး (ဒဏ်ခံနိုင်မှု) အစီအစဉ်၊ မြန်မာနိုင်ငံ ရေရှည်တည်တံ့သော အစိုင်အခဲ 3 စွန့်ပစ်ပစ္စည်းနှင့် ညစ်ညမ်းမှု စီမံခန့်ခွဲခြင်း လေ့လာမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို တန်ဖိုးသင့်တွက်ချက်ခြင်း အစီအစဉ်နှင့် အပြာရောင်စီးပွားရေး အဆြို ပုလေ့လာမှုအပါအဝင် လက်ရွေ လှိ ဆာင်ရကှိ သာ အခြားသော လေ့လာဆန်းစစ်မှုျက်ရေ များဖြင့လ် ည်း ဖြည့စွ ထ် က်ားပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း၊ လူမှုရေးအရ ပါဝင်ခွင့်ရှိခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ရှုထောင့်များမှကြည့်လျှင် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများအတွက် အထူးအရေးပါသည့် ကဏ္ဍ ၄ ခု ကို အဓိက သုံးသပ်လေ့လာထားပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် သစ်တောနှင့် ငါးလုပ်ငန်းကဏ္ဍများကို အရေးပါသည့် အသစ်ပြန်လည်ရရှိနိုင်သော သဘာဝ သယံဇာတများဆိုင်ရာ ကဏ္ဍနှစ်ခုအဖြစ် အလေးပေးထားပါသည်။ မြန်မာနိုင်ငံသည် အသက်မွေးဝမ်းကျောင်းမှုများ၊ လောင်စာ နှင့် အာဟာရဓာတ်များကို လူပေါင်းမြောက်မြားစွာအား ပေးစွမ်းနိုင်ရန် အဆိုပါသဘာဝသယံဇာတများကို မှီခိုနေရပြီး ၎င်း၏ ဂေဟစနစ် များသည် နိုင်ငံ့စီးပွား၏ အစိတ်အပိုင်းများစွာအား ကာကွယ်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ အမျိုးမျိုးသော ဝန်ဆောင်မှု များကိုလည်း ထပ်ဆောင်း ထောက်ပံ့ပေးပါသည်။ ယင်းသည် ပလတ်စတစ်ပြဿနာ၊ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုနှင့် အသိ ပညာ တိုးလာမှုအကြောင်းအရာများအပါအဝင် အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် လေထုညစ်ညမ်းမှုများ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိသော ထိခိုက်မှုများကိုလည်း စိစစ်သုံးသပ်ထားပါသည်။ ဤဆန်းစစ်လေ့လာချက်သည် အမျိုးသား ပတ်ဝန်းကျင် စီမံခန့်ခွဲမှု မူဘောင်၏ အဓိက အရေးပါသည့်အပိုင်းများအဖြစ် ထိရောက်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စောင့်ကြပ် ကြည့်ရှုခြင်းစနစ်များကို တည်ထောင်ရာတွင် မြန်မာနိုင်ငံ၏ တိုးတက်မှုများကို အကဲဖြတ်ပါသည်။ ဤဆန်းစစ် လေ့လာချက်ကို အရေးကြီးသော သဘာဝအရင်းအနှီးများ အပေါ် ကျရောက်နေသည့် ကြီးထွားလာသော ဖိအားများ (အခြားကဏ္ဍများတွင် ဖွံ့ ဖြိုးမှု လုပ်ငန်းများမှ ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများ) နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး ပွင့်လင်းမှုတို့ဆီသို့ ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် ထူးခြားသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို အသိအမှတ်ပြုလျက် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ ဤပေါင်းစပ်အစီရင်ခံစာသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်၏ အဓိကရလဒ်ဖြစ်ပါသည်။ ဤအစီရင် ခံစာသည် သစ်တောကဏ္ဍ၊ ငါးလုပ်ငန်း နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းစနစ် ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ ဖော်ထုတ်ခြင်း ဟူသည့် သီးခြားစာတမ်း ၃ ခု၏ အဓိကတွေ့ ရှိချက်များနှင့် အကြံပြုချက်များကို စုစည်းဖော်ပြထားပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ ပိုင် သစ်တောများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးအတွက် အလားအလာနှင့်ပတ်သက်၍ သီးခြားလေ့လာမှု တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ပေါင်းစပ်အစီရင်ခံစာသည် လက်ရှိ ကမ္ဘာ့ဘဏ်က ဆောင်ရွက်နေသည့် ရေရှည်တည်တံ့ သော အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းမှု စီမံခန့်ခွဲမှုဆိုင်ရာလေ့လာမှု၏ ကနဦးတွေ့ ရှိချက်များကိုလည်း အဆိုပါ ကိစ္စရပ်၏ တိုး၍အရေးပါလာမှုကို အလေးထားစဉ်းစားနိုင်စေရန် ပေါင်းစပ်ထည့်သွင်းထားပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်ကို ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အစိုးရဌာနဆိုင်ရာများနှင့် လက်တွဲ ပူးပေါင်းကာ ရေးဆွဲဖော်ထုတ်ခဲ့ပါသည်။ အဆိုပါဌာနများတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ သစ်တောဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအော က်ရှိ ငါးလုပ်ငန်းဦးစီးဌာန တို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်ကို ရေးဆွဲဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့်နည်းလမ်းကို ကောင်းစွာ ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံအစိုးရ၊ ဖွံ့ ဖြိုးမှုမိတ်ဖက်များ၊ အရပ်ဖက်လူမှု အဖွဲ့  အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပါဝင်ခဲ့ကာ အဆင့်ဆင့်သော တိုင်ပင်ဆွေးနွေးမှုများ၊ နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် အတည်ပြုဆွေးနွေးပွဲများကိုလည်း ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် ကမ္ဘာ့ဘဏ် CEA toolkit တွင် ဖော်ပြထားသော နည်းလမ်း များကို အသုံးချခဲ့ပါသည်။ အဆိုပါနည်းလမ်းများတွင် (က) လက်ရှိ ရှိနေသော အချက်အလက်များ၊ ဒေတာများ၊ လေ့လာမှုများ၊ အစီရင်ခံစာများကို ပေါင်းစုလျက် ပတ်ဝန်းကျင်ဖွံ့ ဖြိုးမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၊ အခြေအနေနှင့် ဦးတည်ရာ အလားအလာ တို့ကိုသုံးသပ်ခြင်း (ခ) ကမ္ဘာ့ဘဏ်၏ အတွေ့ အကြုံများနှင့် အခြားဖွံ့ ဖြိုးမှု လုပ်ဆောင်သူများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့  အစည်းများအကြား ပေါင်းစပ်ဆောင်ရွက်မှုမှ ရရှိလာသော အတွေ့ အကြုံများကို အခြေခံလျက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် အဖွဲ့ အစည်းများကို အကဲဖြတ်ခြင်း (ဂ) သစ်တောကဏ္ဍ၊ ငါးလုပ်ငန်း၊ အစိုင်အခဲစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် ညစ်ညမ်းမှုနှင့် ပတ် ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစနစ်များတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဦးစားပေးဆောင်ရွက်ရမည်များကို ခြေခြေမြစ်မြစ် လေ့လာ ဆန်းစစ်ခြင်းတို့ ပါဝင်ပါသည်။ အဆိုပါလေ့လာဆန်းစစ်ချက်များတွင် ဦးတည်ရာအလားအလာ၊ ကဏ္ဍအလိုက် မူဝါဒများနှင့် မဟာ ဗျူဟာများနှင့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုများကို အသေးစိတ်ဆန်းစစ်ခြင်းများ ပါဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်သည် အဖွဲ့ အစည်းဆိုင်ရာ အချက်အလက်များကို စနစ်တကျ စိစစ် သုံးသပ်ခြင်း၊ ကွင်းဆင်းလေ့လာ ခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ဖြည့်စွက်ပါဝင်လျက် လက်ရှိအချက်လက်ရင်းမြစ်များကို လေ့လာဆန်းစစ်မှုနှင့် ကျွမ်းကျင်ပညာရှင် အသီးသီး၏အမြင်များကို အရင်းခံ၍ ရေးဆွဲဖော်ထုတ်ကာ ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ 4 အနှစ်ချုပ် မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါများ ကြွယ်ဝကာ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ အစုံလင်ဆုံး တွေ့ ရှိနိုင်သည့် နေရာတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုအခါ ကြီးမားသော နိုင်ငံရေးအပြောင်းအလဲ၊ လူမှုရေးအပြောင်းအလဲ များကြားက တိုင်းပြည်တစ်ခုလည်း ဖြစ်နေပြန်ပါသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုမျှ စစ်အစိုးရက အုပ်ချုပ်ခဲ့ပါ သည်။ ၂၀၁၅ ခုနှစ်တွင် လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပလာနိုင်ခဲ့ပြီး ထိုအချိန်မှစ၍ အစိုးရသည် တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် စိန်ခေါ်မှုများနှင့် ကြုံတွေ့ နေရ ပါတော့သည်။ သို့တိုင် အစိုးရသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ဖော်ပြထားသည့်အတိုင်း တိုင်းပြည်၏ သယံဇာတကြွယ်ဝမှုကို ရေရှည်တည်တံ့စေသောနည်းများဖြင့် အုပ်ချုပ်လုပ်ကိုင် ရန် အရေးကြီးကြောင်း သတိမူမိပါသည်။ အဆိုပါ မျှော်မှန်းချက်အမြင်ကို သဘာဝသယံဇာတများကို စီမံအုပ်ချုပ်ခြင်း သည် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုကို ရရှိရန် လွန်စွာအရေးကြီးကြောင်း ဖော်ပြထားသည့် မကြာခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ The Changing Wealth of Nations အစီရင်ခံစာကလည်း ထောက်ခံထားပါသည်။ (Lange, Wondon and Carey ၂၀၁၈) မြန်မာ့သစ်တောများနှင့် ငါးလုပ်ငန်းတို့သည် နိုင်ငံ၏ စီးပွားရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသည့် ကဏ္ဍနှစ်ခု ဖြစ်ပါသည်။ သို့သော် အဆိုပါကဏ္ဍနှစ်ခုသည် အလွန်အကျွံထုတ်ယူခြင်းနှင့် လွဲမှားသောစီမံခန့်ခွဲမှုများကြောင့် ခြိမ်း ခြောက် ခံနေရသည့်အနေအထားတွင် ရှိနေပါသည်။ အစိုင်အခဲစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ လေထုညစ်ညမ်းခြင်း၊ ပလတ် စတစ်အသုံးပြုမှုတို့သည်လည်း ကြီးထွားလာနေသော အခြားပြဿနာများဖြစ်ပါသည်။ ထို့အပြင် သစ်တောနှင့် ငါး လုပ်ငန်းကဏ္ဍနှင့် အဆိုပါကဏ္ဍများရှိ ပြဿနာများကို စီမံခန့်ခွဲရာတွင် အစိုးရအနေဖြင့် လက်ရှိသွားနေသည့် လမ်း ကြောင်းများကို အခြားတစ်ဖက်သို့ ဦးလှည့်အောင်ဆောင်ရွက်နိုင်ရန်နှင့် ပြဿနာများကို ဖြေရှင်းနိုင်မည့် ရေရှည်တည် တံ့စေမည့် နည်းလမ်းများရရှိရန် ရှာဖွေရာ၌ အစိုးရနှင့် အခြားဆက်စပ်ပတ်သက်သူများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလာပါသည်။ ဤစာတမ်းသည် ဥပဒေကြောင်းအရ၊ အဖွဲ့ အစည်းပိုင်းဆိုင်ရာ အခြေအနေများအရ ရင်ဆိုင်ကြုံတွေ့ နေရသည့် ပြဿ နာနှင့် စိန်ခေါ်မှုများကို ရှာဖွေဖော်ထုတ်ထားပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ လူမှုရေးရာအရ ပါဝင်ခွင့်ရှိခြင်း၊ ပူးပေါင်းပါဝင်ခြင်း၊ စီးပွားရေးဖွံဖြိုးတိုးတက်မှု အမြင်ဖြင့်ကြည့်မည်ဆိုလျှင် ဤစာတမ်းသည် အဖွဲ့ အစည်းဆိုင်ရာ အကူအညီနှင့် ပြုပြင်ပြောင်းလဲမှုများ၊ သယံဇာတများ တရားမဝင်ထုတ်ယူခြင်းကို တိုက်ဖျက်မည့် ဥပဒေစိုးမိုးမှုကို ပိုမို တင်းကြပ်ခြင်း၊ သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူများအားလုံးတွင် အမူအကျင့်ဆိုင်ရာပြောင်းလဲမှု၊ အဖွဲ့ အစည်းဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ ဘဏ္ဍာရန်ပုံငွေတိုးမြှင့်ခြင်းနှင့် အချက်အလက်များ ကောက်ယူဆန်းစစ် တွက်ချက် မှုများ ပိုမိုတိုးတက်ကောင်းမွန်ခြင်းတို့ အရေးတကြီး လိုအပ်နေပြီဆိုသည့် အကြောင်းအခြင်းအရာကို ပြောပြပါလိမ့်မည်။ အဆိုပါအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပါက မြန်မာနိုင်ငံသည် အနှုတ်သဘောဆောင်သည့် ဘက်သို့ ဦးတည်ရာလမ်းကြောင်းများကို ဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ကာ စဉ်ဆက်မပြတ် ပိုမိုဖွံ့ ဖြိုးတိုးတက်စေမည့် အနာဂတ်ဆီသို့ ၎င်း၏ပတ်ဝန်းကျင်ကို ဦးဆောင်ခေါ်ယူသွားပေလိမ့်မည်။ သယံဇာတပစ္စည်းများ လျော့နည်းကုန်ခမ်းလာသော်လည်း အသစ်ပြန်လည် ရရှိနိုင်သည့် သဘာဝသယံဇာတများသည် မြန်မာ့စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လျက်ရှိဆဲ ဖြစ်ပါသည်။ သဘာဝသယံဇာတများ အထူးသဖြင့် စီးပွားဖြစ် ကျွန်းသစ်တင်ပို့မှုသည် အစဉ်အလာအရ ရှေးဦးမဆွကပင် မြန်မာ နိုင်ငံတွင် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခု ဖြစ်ခဲ့ပါသည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံစီးပွားရေးသည် သဘာဝ သယံဇာတပစ္စည်းများ အထူးသဖြင့် ကျွန်းသစ်၊ ရေနံနှင့် ပတ္တမြားထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့အပေါ်တွင် များစွာ အားထားခဲ့ပါသည်။ ကိုလိုနီကာလအတွင်း မြန်မာ့ကျွန်းသစ်သည် ကမ္ဘာ့ကျွန်းသစ်ထုတ်လုပ်မှု ပမာဏ၏ ၈၅ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ ၁၉ရာစု အကုန်တွင် အရှေ့အိန္ဒိယအစိုးရတစ်ရပ်လုံးအတွက် အသားတင်အစိုးရအခွန်တော်ငွေ၏ ၄၅ ရာခိုင်နှုန်းနီးပါးသည် မြန်မာ့ကျွန်းသစ်မှ ရရှိခြင်းဖြစ်ပါသည်(Bryant ၁၉၉၇)။ မြန်မာနိုင်ငံ၏ သစ်တောများသည် ကမ္ဘာ့အရေးကြီးဆုံး ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်ပေါက်ဖွားနေထိုင်ရာတစ်ခုအဖြစ်လည်း ဖြစ်တည်နေပါသည်။ 5 လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သစ်တောနှင့် ငါးသယံဇာတများ သိသိသာသာ လျော့နည်းကျဆင်းလာခဲ့ပါသည်။ ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၁.၂ ရာခိုင်နှုန်း ကျဆင်းလျက်ရှိရာ စုစုပေါင်း သစ်တော ဟက်တာ ၁၀ သန်း ဆုံးရှုံးခဲ့ပါသည် (FAO ၂၀၁၅)။ ထို့အပြင် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောဆုံးရှုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့ပါသည် (FAO ၂၀၁၅)။ ပုံ - ၁ တွင် ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအတွင်း တိုင်းပြည်အတွင်းရှိ ဒေသအသီးသီးမှ မူလအနေအထား မပျက်ယွင်းသေးသည့် သစ်တောများ ဆုံးရှုံးမှုပမာဏကို ပြသထားပါသည်။ ၁၉၈၀ ခုနှစ်မှစ၍ ပင်လယ်ငါးတည်ရှိမှုပမာဏ ကျဆင်းလျက်ရှိရာ ရေပေါ်နေငါးပမာဏ ၉၀ ရာခိုင်နှုန်း၊ ရေအောက်နေငါးပမာဏ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသည် (Krakstadt et al. ၂၀၁၅) မြန်မာနိုင်ငံ မြေဧရိယာ၏ ၆၀ ရာခိုင်နှုန်းမျှ ကျယ်ဝန်းသော ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက်တွင် တန်ဖိုး ကြီးမားသည့် ရေချိုငါးမျိုးစိတ်များစွာ လျော့နည်းကျဆင်းလာသည်ဟု ဆိုကြပါသည် (Baran et.al ၂၀၁၈)။ ပုံ-၁ ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအတွင်း ဆုံးရှုံးခဲ့သော မူလအနေအထား မပျက်ယွင်းသေးသည့် သစ်တောများ (ဟက်တာ) ရင်းမြစ်၊ Bhagwat et al. ၂၀၁၇ 6 တိုင်းပြည်၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)တိုးတက်မှုနှုန်းတွင် စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုကဏ္ဍမှ ဦးဆောင်လျက်ရှိသည်ဆိုသည့် ခိုင်မာသော နောက်ခံအကြောင်းတရားရှိနေသည့်တိုင် ယခုအခါ အသစ်ပြန်လည် ရရှိ နိုင်သည့် သဘာဝသယံဇာတများသည် တိုင်းပြည်၏ တရားဝင်စီးပွားရေးအတွက် အသင့်အတင့် အရေးပါနေသည်ဟု တရားဝင်ကိန်းဂဏန်းများက ဆိုပါသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြင့်မားသော နှုန်းဖြစ်သည့် ၇.၂ ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့ပါသည်။1 ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီတွင် သစ်တောကဏ္ဍမှ ပါဝင်မှုနှုန်းမှာ ၀.၂ ရာခိုင်နှုန်း သို့မဟုတ် ၂၀၁၈ ခုနှစ် ဈေးနှုန်းများအရ အမေရိကန်ဒေါ်လာ သန်း ၁၃၀ မျှသာ ရှိခဲ့ပြီး2 သစ်တောကဏ္ဍပို့ကုန်များမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀ သို့မဟုတ် စုစုပေါင်း ပို့ကုန်ရငွေ၏ ၂.၅ ရာခိုင်နှုန်း ရှိခဲ့ပါသည် (CSO ၂၀၁၆၊ MMSIS ၂၀၁၈)။ ငါးလုပ်ငန်းကဏ္ဍအား ဂျီဒီပီကိန်းဂဏန်းစာရင်းများတွင် သီးခြားမှတ်တမ်းတင် ဖော်ပြထားခြင်းမရှိပါ။ သို့သော် သားငါးကဏ္ဍပေါင်းလျှင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီ၏ ၈ ရာခိုင်နှုန်း (အဆိုပါ ရာခိုင်နှုန်းတွင် ငါးလုပ်ငန်းမှ ပါဝင်မှုမှာ နည်းပါးနိုင်ပါသည်) ပါဝင်ခဲ့သည်ဟု သိရပါသည်။ ငါးလုပ်ငန်းဦးစီးဌာန (DOF ၂၀၁၇)၏ မှတ်တမ်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ငါးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိခဲ့သည်ဟု ဆိုပါသည်။ သို့ရာတွင် တရားဝင် ဂျီဒီပီကိန်းဂဏန်းစာရင်းများသည် သဘာဝသယံဇာတများ၏ စီးပွားရေးနှင့် လူမှုရေးအရ အရေး ပါမှုကို များစွာ လျှော့တွက်လေ့ရှိပါသည်။ သဘာဝသယံဇာတများအား တရားမဝင်နှင့် အလွတ်သဘော အသုံးပြု မှုများကြောင့် ၎င်းတို့အား စီးပွားရေးအရ ထုတ်လုပ်မှုများ၌ တိုက်ရိုက်ထည့်သွင်းစဉ်းစားရာတွင် ရှိရင်းစွဲထက် တန်ဖိုး နိမ့်ကျနေပါသည်။ ခွင့်ပြုချက်ရရှိထားခြင်းမဟုတ်သော သို့မဟုတ် တရားမဝင် သစ်တင်ပို့မှုတန်ဖိုးသည် တရားဝင် မှတ်တမ်းများက ဖော်ပြသော တန်ဖိုးထက် လေးဆမျှရှိသည်ဟု ခန့်မှန်းပြောဆိုကြပြီး(Raitzer, Samson, and Nam ၂၀၁၅; UNODC ၂၀၁၃) သစ်ပမာဏမှာ အခြားသစ်တောထွက်ပစ္စည်းများ စုစုပေါင်းပမာဏ၏ အနည်းငယ်မျှသော အပိုင်းသာရှိသည်ဟု ခန့်မှန်း ပြောဆိုကြပါသည်။ ၂၀၁၇ ခုနှစ်တွင် ထုတ်ယူခဲ့သော သစ်ဇီဝဒြပ်ထု၏ ၈၀ ရာခိုင်နှုန်း ကျော်သည် ထင်းလောင်စာအတွက် ဖြစ်ပါသည် (FAO ၂၀၁၈ အေ ကို အခြေခံ၍)။ မြောက်မြားစွာသော ပင်လယ်ငါး ပမာဏကို ထိုင်းနိုင်ငံသို့ တရားမဝင် တင်ပို့နေသည်ဟု ထင်ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အသားအနေဖြင့် စားသုံးကြသော တိရစ္ဆာန်များမှ ရရှိသည့် အစားအစာ၏ ထက်ဝက်ကျော်မှာ ငါးများ ဖြစ်နေငြားသော်လည်း (Belton et al. ၂၀၁၅) အဆိုပါစားသုံးမှု၏ ပမာဏ အတော်များများသည် ဝမ်းစာအတွက် ငါးဖမ်းခြင်းများမှ ရရှိခြင်းဖြစ်ကာ တရား ဝင်စီးပွားရေးတွင် ထည့်သွင်းဖော်ပြလေ့မရှိပါ။ ထုတ်လုပ်ရေးလုပ်ငန်းများတွင် တိုက်ရိုက်အကျိုးပြုသည်များကိုသာမက အခြားသော ဂေဟစနစ်ဝန်ဆောင်မှုကိုလည်း ထည့်သွင်း စဉ်းစားမည်ဆိုလျှင် မြန်မာ့ဂေဟစနစ်များမှ ရရှိသော တစ်နှစ် စုစုပေါင်းတန်ဖိုးမှာ သစ်တောနှင့်ငါးလုပ်ငန်း ကဏ္ဍများတွင် ဖော်ပြလျက်ရှိသော တရားဝင် ဂျီဒီပီကိန်းဂဏန်းများထက် ၁၀ ဆ အထိ မြင့်မားသည်ဟု ခန့်မှန်းပြောဆို ကြပါသည်- • သစ်တောဂေဟစနစ်ဝန်ဆောင်မှုများ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ဝန်းကျင်ရှိသည်ဟု ဆိုပါ သည် (ဒီရေတောများ မပါဘဲ Emerton and Aung ၂၀၁၃)။ တောင်တန်းဒေသများနှင့် ကမ်းရိုးတန်း ဒေသများ အထူးသဖြင့် နိုင်ငံ၏ မြောက်ပိုင်းတောင်တန်းဒေသများတွင် သစ်တောများသည် နွေရာသီ၌ မြစ်၊ ချောင်းများ၏ ရေစီးရေလာကို ထိန်းသိမ်းပေးခြင်း၊ နုန်းအနည်အနှစ်များကို ထိန်းထားခြင်း၊ ထိုသို့အားဖြင့် ရေကို ကြည်လင်သန့်စင်စေခြင်းတို့ကို ကူညီပေးပါသည်။ အဆိုပါ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု၏ သက် ရောက်မှုများကိုလည်း လျှော့ချပေးပါသည်။ • ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း ဂေဟစနစ် ဝန်ဆောင်မှုများ၏ တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းကြပြီ အဆိုပါတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းခန့်သည် ဒီရေတောနှင့် သန္တာ ကျောက်တန်း ဂေဟစနစ်များမှ ရရှိခြင်း ဖြစ်ပါသည် (BOBLME ၂၀၁၄)။ ဂေဟစနစ်ဝန်ဆောင်မှုများ၏ အရေးပါသော ရှုထောင့်တစ်ခုမှာ မြန်မာနိုင်ငံအား ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားလွယ်မှုဒဏ်မှ လျှော့ချပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် များဖြစ်သည့် ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ မြေပြိုခြင်းများ၊ မြေငလျင်များကို ထိခိုက် ခံစားရမှုမြင့်သော နိုင်ငံတစ်ခုဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဘေး 1 https://data.worldbank.org/country/myanmar. 2 ဤအခန်းတွင် အသုံးပြုသော အမေရိကန်ဒေါ်လာတန်ဖိုးများသည် ၂၀၁၈ ခုနှစ် အမေရိကန်ဒေါ်လာ ပေါက်ဈေးများအား အဆိုပါနှစ်၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း အသုံးပြုကာ တန်ဖိုးသင့် ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ငွေလဲလှယ်နှုန်းအရ ပြောင်းလဲထားခြင်းဖြစ်ပါသည်။ 7 အန္တရာယ် ကျရောက်နိုင်ချေ ရာသီဥတုဆိုးကျိုးညွန်းကိန်3းက ထုတ်ပြန်မှုအရ တစ်ကမ္ဘာလုံးတွင် အဆင့် ၂ နေရာ သို့ ရောက်ရှိခဲ့ပြီး(Kreft ၊ Eckstein နှင့် Melchior ၂၀၁၇) သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ် ပျမ်းမျှ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံမျှ ရှိပါသည် (တိုင်းပြည် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်း)။ ဥပမာ - ၂၀၁၅ ခုနှစ်၊ ဇူလိုင်လနှင့်သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးခြင်း၊ မြေပြိုခြင်းများကြောင့် ပျက်စီးဆုံးရှုံးရသော တန်ဖိုးများမှာ အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ ဖိုးရှိသည်ဟု ခန့်မှန်းကြပါသည် (ကမ္ဘာ့ဘဏ် ၂၀၁၅ အေ)။ သစ်တောများသည် ရေကြီးမှု၊ မြေပြိုမှုအန္တရာယ်များကို လျှော့ချပေးနိုင်ပြီး များမကြာမီက ပြုလုပ်ခဲ့သော မိုဒယ်ဖြင့် တွက်ချက်ခြင်းများက ဒီရေတောများသည် တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၆၅ သန်းနှုန်းဖြင့် ကမ်းရိုးတန်းဒေသတွင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်မှုများကို လျှော့ချပေးသည်ဟု ခန့်မှန်းပြောဆို ပါသည်။(Losada et al. ၂၀၁၈)။ သစ်တောနှင့် ငါးလုပ်ငန်းများသည် အလုပ်အကိုင်များစွာကိုလည်း ဖန်တီးပေးပါသည်။ လူဦးရေ ၃.၂ သန်း ကျော်သည် လက်ရှိတွင် ငါးလုပ်ငန်းကဏ္ဍတွင် တိုက်ရိုက်ပါဝင်လုပ်ကိုင်နေကြပြီး ၎င်းတို့အနက် ၈၀၀,၀၀၀ ကျော်မှာ အမြဲတမ်းအချိန် ပြည့်လုပ်သားများဖြစ်၍ ၂.၄ သန်းသည် အချိန်ပိုင်းလုပ်သားများဖြစ်ပါသည်။ ကမ်းရိုးတန်းဒေသအချို့တွင် ငါးလုပ်ငန်းမှ အလုပ်အကိုင် ရရှိမှုသည် ၃၄ ရာခိုင်နှုန်းအထိ မြင့်မားပါသည် (Tezzo et al. ၂၀၁၈)။ သစ်တောကဏ္ဍသည်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အလုပ်အကိုင်ပေါင်း ၈၈၆,၀၀၀ ရှာဖွေပေးနိုင်ခဲ့ပြီး အဆိုပါပမာဏသည် တစ်နိုင်ငံလုံး အလုပ်အကိုင်ရရှိမှု၏ ၄ ရာခိုင်နှုန်းကျော်နှင့် ညီမျှပါသည်။ လုပ်ခများအနေဖြင့် အမေရိကန်ဒေါ်လာ ၉၅.၅ သန်းအထိ ရရှိစေခဲ့ပါသည် (MEITI ၂၀၁၉)။ သဘာဝသယံဇာတများသည် ဆင်းရဲသားများအတွက် အထူးအရေးပါလှပါသည်- မြန်မာနိုင်ငံတွင် ကျေးလက်ဒေသနှင့် သဘာဝသယံဇာတများကို မှီခိုနေရသော နေရာဒေသများသည် ပို၍ ဆင်းရဲနွမ်းပါး လေ့ရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် ထပ်မံဆောင်ရွက်ခဲ့သော ဆင်းရဲနွမ်းပါးမှု အကဲဖြတ်ဆန်းစစ်ချက်က ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများ ၂၀၀၄-၂၀၀၅ ခုနှစ် တွင် ၄၈.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၃၂.၁ ရာခိုင်နှုန်း အထိ ကျဆင်း လာခဲ့သည်ဟု ကောက်ချက်ပြုထားပါသည် (World Bank ၂၀၁၇ အေ)။ အဆိုပါတွေ့ ရှိချက်က လက်ရှိ ခန့်မှန်းထားသည့် လူဦးရေ ၅၂.၈၉ သန်းအနက် သုံးပုံတစ်ပုံခန့် (သို့မဟုတ် လူဦးရေ ၁၆.၉၈သန်း)သည် ဆင်းရဲသူများဖြစ်သည်ဟု ဆိုပါသည်။ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် အသက်ရှင်ရပ်တည်ရေးအတွက် လုံ လောက်သော အစာအာဟာရကိုပင် မရနိုင်လောက်အောင် ဆင်းရဲခြင်းဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုသည် မြို့ ပြဒေသများနှင့် နှိုင်းယှဉ်ပါက ကျေးလက်ဒေသ များတွင် သိသိသာသာ မြင့်မားနေပါသည်(လူဦးရေ၏ ၃၈.၈ ရာခိုင်နှုန်း)။ မြို့ ပြဒေသများတွင် ယခုအခါ ၁၄.၅ ရာခိုင်နှုန်း ဝန်းကျင်ရှိကာ ဆင်းရဲနွမ်းပါးမှုနှုန်း ပိုမိုလျင်မြန်စွာ ကျဆင်းလာနေပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ဆိုလိုသည်မှာ မြို့ ပြဒေသရှိ ဆင်းရဲနွမ်းပါးသူ ၁၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ကြည့်လျှင် ကျေးလက်ဒေသ၌ ဆင်းရဲနွမ်းပါးသူ အားလုံး၏ ၈၇ ရာခိုင်နှုန်းရှိသည်ဟု အဓိပ္ပါယ်ရပါသည်။ ဆင်းရဲနွမ်းပါးမှုသည် မြစ်ဝကျွန်းပေါ် နှင့် အပူပိုင်းဒေသများနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံ၏ တောင်ကုန်း တောင်တန်း ဒေသများ၊ ကမ်းရိုးတန်းဒေသ စိုက်ပျိုး-ဂေဟဇုန်များတွင် ပိုမိုဆိုးရွားများပြားစွာ တွေ့ ရပါသည်(ပုံ-၂)။ မြို့နယ်အဆင့်တွင် သစ်တော ဖုံးလွှမ်းမှုနှင့် ချို့တဲ့ခြင်း၊ ဆင်းရဲခြင်းသည် များစွာဆက်စပ်နေပါသည်ဟု ကမ္ဘာ့ဘဏ်အုပ်စုက ထုတ်ပြန်သည့် ဘက်စုံဖွံ့ ဖြိုးမှုဆိုင်ရာအညွှန်းကိန်း4 က ဆိုပါသည် (ပုံ ၃ နှင့် ၄ တွင် ဖော်ပြထားသည်)။ ၂၀၁၂ ခုနှစ်တွင် ကျေးလက်နေ အိမ်ထောင်စု ၅၂၀,၀၀၀ သည် သစ်တောများအနီး နေထိုင်သူများဖြစ်သည်ဟု ဆိုပါသည် (Emerton and Aung ၂၀၁၃)။ 3 ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုးလေဝသနှင့်သက်ဆိုင်သည့် ဆုံးရှုံးသည့် အဖြစ်အပျက်များကို အခြေခံလျက် 4 http://hdr.undp.org/en/content/what-multidimensional-poverty-index. တွင်ကြည့်ပါ။ 8 ပုံ-၂ စိုက်ပျိုး-ဂေဟဇုန်များအလိုက် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုဦးရေပြပုံ Myanmar: 15.8m poor; 32.1% 4.8m food poor; 9.7% Delta: 5.5m poor, 26.2%; 1.5m food poor, 6.9% Dry Zone: 4.7m poor, 32.1%; 1.1m food poor, 7.4% Hills and Mountains: 3.5m poor, 40.0%; 1.4m food poor, 15.9% Coastal: 2.0m poor, 43.9%; 0.9m food poor, 19.1% ရင်းမြစ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ် ၂၀၁၇။ ပုံ-၃ ပုံ-၄ မြို့နယ်အလိုက် ဘက်စုံဖွံ့ ဖြိုးမှုဆိုင်ရာ အညွှန်းကိန်းပြပုံ မူလအနေအထား မပျက်ယွင်းသေးဘဲ ကျန်ရှိနေသော သစ်တောများ (၂၀၁၄) ၅.၆ - ၁၀.၀ ၁၀.၁ - ၁၄.၄ ၁၄.၅ - ၁၇.၀ ၁၇.၁ - ၁၈.၅ ၁၈.၆ - ၂၀.၅ ၂၀.၆ - ၂၂.၆ ၂၂.၇ - ၂၄.၆ ၂၄.၇ - ၂၉.၃ ၂၉.၄ - ၃၅.၀ ရန်ကုန် ၃၅.၁ - ၅၀.၆ ရင်းမြစ်။ ကမ္ဘာ့ဘဏ် ၂၀၁၈ ဘီ ရင်းမြစ်။ Bhagwat et al. ၂၀၁၇ 9 ဆင်းရဲနွမ်းပါးသူများသည် သစ်တောများနှင့် သဘာဝဂေဟစနစ်များအပေါ် များစွာမှီခိုအားထားနေရပါသည်။ ထင်း လောင်စာသည် ကျေးလက်ဒေသများတွင် အရေးအပါဆုံး စွမ်းအင်ရင်းမြစ်ဖြစ်နေဆဲဖြစ်ပြီး သစ်မဟုတ်သည့် သစ်တော ထွက်ပစ္စည်းများသည် ဆင်းရဲနွမ်းပါးသူများအတွက် ဝင်ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ရရှိနိုင်သည့် အဓိကအရင်းအမြစ် များ ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ကမ်းရိုးတန်းဇုန်တွင် တည်ရှိသည့် တိုင်းဒေသကြီးများနှင့် မြို့နယ်များတွင် နေထိုင် ကြသော အိမ်ထောင်စု ၁.၉ သန်းသည် ပင်လယ်နှင့် ကမ်းရိုးတန်း သယံဇာတများကို များစွာ မှီခိုနေရပါသည် (BOBLME ၂၀၁၄)။ ထိုသို့ သဘာဝ သယံဇာတများအပေါ် များစွာမှီခိုအားထားနေရသည်ဖြစ်ရာ အဆိုပါ သယံဇာတများ လျော့နည်း ကျဆင်း သို့မဟုတ် ပျက်စီး လာသည့်အခါ ဆင်းရဲနွမ်းပါးသူများအနေဖြင့် ပို၍ထိခိုက် ခံစားရပါသည်။ မကြာသေးခင်က ပြုလုပ်ထားသော သဘာဝအရင်းအနှီးများ အကဲဖြတ်ဆန်းစစ်ချက်က နုန်းပို့ချမှု ထိန်းခြင်း၊ ရေစီးရေလာကို ထိန်းညှိခြင်း၊ ရေကြီးရေလျှံမှုကို ထိန်းချုပ်ခြင်းကဲ့သို့ အဓိကဝန်ဆောင်မှုများဖြစ်သည့် ဇီဝရုပ်သွင် အထောက်အပံ့များသည် နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပို၍ဆင်းရဲသောနေရာများတွင် ထူးကဲများပြားစွာ တွေ့ ရကြောင်းဆိုပါသည် (Mandle et al. ၂၀၁၇ ၊ WWF ၂၀၁၆ အေ )။ …များသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် အားလုံးပူးပေါင်းပါဝင်စေခြင်း အတွက် အရေးပါသည်။ မြန်မာနိုင်ငံသည် အာရှတွင် အခြားသောနိုင်ငံများထက် ပြည်တွင်းပဋိပက္ခများဒဏ်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရ ရာ သဘာဝသယံဇာတများ ပေါကြွယ်ဝမှုကလည်း တစ်စိတ်တစ်ပိုင်း အားပေးအားမြှောက်ပြုနေသကဲ့သို့ ဖြစ်နေပါ သည်။ နိုင်ငံနှင့်အဝန်း အရေးပါသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အနည်းဆုံးအဖွဲ့  ၂၀ ခန့် ရှိနေပြီး ပိုမို ငယ်ရွယ်သော ခွဲထွက်အုပ်စုများ ရာပေါင်းများစွာရှိကာ အစိုးရနှင့်ပေါင်းစည်းထားသော တပ်ဖွဲ့ များလည်း ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများသည် စီးပွားရေးအကျိုးအမြတ် သက်သက်ကြောင့် မဟုတ်သည်ကို တွေ့ ရှိရသော်လည်း အဆိုပါ အငြင်းပွားမှု၊ မငြိမ်သက်မှုများ ဖြစ်နေသည့်နေရာများသည် သဘာဝသယံဇာတများ လွန်စွာပေါများကြွယ်ဝနေသည်ကို တွေ့ ရှိရသည်မှာ ထူးခြားသည့်အချက်တစ်ခုဖြစ်ပါသည်။ သဘာဝသယံဇာတများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရန် ငွေကြေးထောက်ပံ့ပေးနေသကဲ့သို့ မြန်မာ့တပ်မတော်(မြန်မာလက်နက်ကိုင်အဖွဲ့ အစည်း)ကိုလည်း အထောက်အပံ့ပြုနေပါသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၁၈ မြို့နယ်တွင် သိသာ ပေါ်လွင်သော သို့မဟုတ် ထင်သာ မြင်သာမရှိသော ပဋိပက္ခများ၏ သက်ရောက်မှုကို ခံစားနေကြရသည်ဟု ခန့်မှန်းထား ပါသည် (TAF၊ ၂၀၁၇) (ပုံ-၅)။ ပြည်သူလူထုပူးပေါင်းပါဝင်သော သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှုသည် မြန်မာနိုင်ငံ၏ ဆောင်ရွက်နေဆဲဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကျန်ရှိနေသော သစ်တောများ၏ သုံးပုံ နှစ်ပုံသည် ဗမာမဟုတ်သော တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်သော များသောအားဖြင့် ထုံးတမ်းစဉ်လာ မြေအသုံးချမှု စနစ်ကို ကျင့သ်း နရာဒေသများဖြစ်ပြီး အဆိပုံ သည့ေုါသစ်တောအများစုသည် ပဋိပက္ခဖြစ်ပွားနေသောဧရိယာများတွင် တည်ရှိပါသည်။ သဘာဝသယံဇာတများကို သက်ဆိုင်ရာဒေသအဆင့်များက ထိန်းချုပ်ပိုင်ခွင့်ကို တောင်းဆိုမှုသည် ပိုမို အားကောင်းလာရာ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက တောင်းဆိုကြခြင်းဖြစ်ပါသည်။ ထို့အပြင် အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် သဘာဝသယံဇာတများဆိုင်ရာ တာဝန်ယူ လုပ်ပိုင်ခွင့်အချို့ ကို ဒေသအဆင့် အစိုးရအဖွဲ့ များသို့ ခွဲဝေအပ်နှင်းမည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ကတိကဝတ် ပြုထားပြီး ဖြစ်ပါသည်။ သစ်တောနှင့် ငါးလုပ်ငန်းများသည် လုပ်ပိုင်ခွင့်အာဏာကို ဒေသအဆင့်များသို့ ခွဲဝေကျင့်သုံးမှုကို ဖြစ်ပေါ် စေနိုင်ပြီး ကျေးလက်ဒေသများတွင် ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ 10 ပုံ-၅ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ (EAGs) တည်ရှိမှုအခြေအနေပြမြေပုံ ရင်းမြစ်။ The Asia Foundation၊ ၂၀၁၇ 11 စီးပွားရေး လျင်မြန်စွာ တိုးတက်လာမှုသည် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ယူဆောင်လာပါသည်။ ကြီးမားသောဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်မှုများ အထူးသဖြင့် သတ္တုတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍမှ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများနှင့်စပ်လျဉ်း၍ ကြီးစွာသောစိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ တိုင်းပြည် ၏ စီးပွားရေးအကူးအပြောင်းသည် သတ္တုလုပ်ငန်းကဏ္ဍတွင် အားကောင်းသည့် စက်ယန္တယားများ အလုံးအရင်းဖြင့် ပိုမိုအသုံးပြုလာသည့် အနေအထားကို ကူညီပံ့ပိုးပေးခဲ့ရာ ထိုသို့စက်ယန္တယားများကို တိုးမြှင့်အသုံးပြုဆောင်ရွက် လာခြင်းသည် ရေသယံဇာတများအပေါ် ကြီးစွာသော ဖိအားဖြစ်ပေါ်စေကာ မြေနေရာ ပြိုင်ဆိုင်လုယူမှုများကိုလည်း တိုးမြင့်လာစေပါသည်။ သတ္တုလုပ်ငန်းနှင့် စိုက်ပျိုးရေးအပါအဝင် အခြားသော မြေယာလုပ်ပိုင်ခွင့် ပေးထားခြင်းများသည် သစ်တောပြုန်းတီးခြင်း၊ မြေအတန်းအစား နိမ့်ကျခြင်း၊ ရေအရည်အသွေးပျက်စီးခြင်း၊ ရေကြီးမှုနှင့် မြေပြိုမှုများ၊ ဇီဝ မျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ကုန်းတွင်းနှင့်ကမ်းရိုးတန်း ငါးလုပ်ငန်းများ ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ မြို့ ပြဧရိယာ ကျယ်ပြန့် လျင်မြန်စွာကြီးထွားလာခြင်းနှင့် စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့ကြောင့် ပတ်ဝန်းကျင် ဆိုင်ရာ ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာနေပါသည်။ ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးရသည့် လူဦးရေ ၄၅,၀၀၀ ကျော် ရှိပါသည်။ လေထုညစ်ညမ်းမှုသည် မြန်မာနိုင်ငံတွင် အသက်သေစေ နိုင် သည်အထိ အန္တရာယ် ဖြစ်စေသောအရာတစ်ခု (ဆုံးရှုံးနိုင်မှုအချက်) ဖြစ်လာပါသည်။ ဒေသတွင်းတိုင်းပြည်များနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသည်အထိ အန္တရာယ်ဖြစ်စေမှုမြင့်မားနေပြီး အရှေ့ တောင်အာရှဒေသ၏ ပျမ်းမျှနှုန်းထက် နှစ်ဆမျှ ရှိပါသည် (GBD ၂၀၁၇)။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အမှုန်အမွှား များ (PM10) ပါဝင်မှုနှုန်းသည် အရှေ့တောင်အာရှရှိ မြို့ ကြီးများအနက် အမြင့်ဆုံးဖြစ်နေပါသည် (Raitzer ၊ Samson နှင့် Nam ၂၀၁၅) ။ မြို့ ပြစွန့်ပစ်ပစ္စည်းများသည်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးပြဿနာများကို တိုး၍ဖြစ်စေပါသည်။ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့တော်ရှိ အမှိုက်စုပုံစွန့်ပစ်သည့် နေရာများသည် အစိုင်အခဲစွန့်ပစ်ပစ္စည်း တန်ချိန် ၈၅,၀၀၀ မျှ လက်ခံရရှိခဲ့ရာ ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။5 သို့ရာတွင် ခန့်မှန်းစွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့် မြေဖို့စွန့်ပစ်သည့် မှတ်တမ်းများပေါ်အခြေခံ၍ စွန့်ပစ်ပစ္စည်းသိမ်းဆည်းနိုင်မှုသည် ရန်ကုန်မြို့တွင် ၄၉ ရာခိုင်နှုန်းမျှသာရှိပြီး မန္တလေးမြို့တွင် ၈၀ ရာခိုင်နှုန်းနှင့် တောင်ကြီးမြို့တွင် ၆၄ ရာခိုင်နှုန်းရှိသည်ဟု ဆန်းစစ်ပြောဆိုကြပါသည်။ သို့ဖြစ်ရာ အဆိုပါ စွန့်ပစ်ပစ္စည်းများသည် အမှိုက်စွန့်ပစ်သည့်နေရာများသို့ ရောက်သွားရမည့်အစား မြို့တော်များဝန်းကျင်တဝိုက် နှင့် ရေကြောင်းများ (မြစ်ချောင်းအင်းအိုင်များ)အတွင်းသို့သာ ရောက်ရှိအဆုံးသတ်သွားပါသည်။ ပလတ်စတစ်အမှိုက်များ နေရာအနှံ ပြန့်ကျဲနေမှု သည်လည်း တိုးပွားလာနေပါသည်။ ရန်ကုန်နှင့် မန္တလေး နှစ်မြို့လုံးတွင် စွန့်ပစ်ပစ္စည်းအများစုကို သိမ်းဆည်းရာတွင် လက်ချည်းသက်သက် အသုံးပြု၍ သိမ်းဆည်းရရာ ကျန်းမာရေးဆိုင်ရာ မလိုလားအပ်သည့် အကျိုး ဆက်များ ဖြစ်လာနေပါသည် (IGES နှင့် CCET ၂၀၁၆)။ စွန့်ပစ်ပစ္စည်းများကို ပြုပြင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော စနစ်တကျအမှိုက်စွန့်ပစ်မှုများကို အကန့်အသတ်နှင့်သာ ဆောင်ရွက်နိုင်ပါသေးသည်။ တရားဝင်မြေဖို့စွန့်ပစ်သည့်နေရာများမှာပင် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းကွပ်မှုများမရှိဘဲ လဟာ ပြင်တွင် စုပုံစွန့်ပစ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံအမျိုးသားစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်တွင် ချမှတ်ထားသည့် ရည်မှန်းချက်များဖြစ်သော (၁) နိုင်ငံသားများ အားလုံးအတွက် ကောင်း မွန်သော စွန့်ပစ်ပစ္စည်း သိမ်းဆည်းသည့် ဝန်ဆောင်မှုစနစ်ဆောင်ရွက်ပေးခြင်း (၂၀၂၀ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်း သိမ်း ဆည်းနိုင်မှု၊ ၂၀၂၅ ခုနှစ် တွင် ၈၅ ရာခိုင်နှုန်း သိမ်းဆည်းနိုင်မှုနှင့် ၂၀၃၀ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း သိမ်းဆည်းနိုင်မှု) (၂) မြို့ ကြီးများတွင် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းနှင့် မီးရှို့ ခြင်းများကို လျှော့ချခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်စေသည့် စွန့်ပစ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား သတ်မှတ်ပြဌာန်းခြင်းတို့ကို ရရှိရန်မှာ ဝေးကွာနေပါသေးသည် (ECD and MONREC ၂၀၁၈)။ အစိုင်အခဲ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု လုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် အစိုင်အခဲစွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်း နှင့် စွန့်ပစ်ခြင်းတို့၏ ကုန်ကျစရိတ်များကို လုံလောက်စွာ မကာမိပါ။ အဆိုပါကုန်ကျစရိတ်သည် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှု ကုန်ကျစရိတ်ပေါင်း၏ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျ စရိတ်များကို ပြန်လည်ကာမိစေရန် ၀ယ်ယူထားသည့်ပစ္စည်းများ၏ တန်ဖိုးလျော့ကျသွားခြင်းကို ထည့်သွင်းတွက်ချ 5 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစိုင်အခဲစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လက်ရှိအခြေအနေအား တင်ပြချက်၊ ၂၀၁၈ 12 က်ထားခြင်းမျိုးလည်း မရှိပါ။ အစိုင်အခဲ စွန့်ပစ်ပစ္စည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများအတွက် ဘဏ္ဍာရေးအရ ရေရှည်တည်တံ့မှုကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ ပတ်ဝန်းကျင်ကို မထိခိုက်စေရန်၊ စွန့်ပစ်ပစ္စည်း သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် အစိုင်အခဲစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရာတွင် ကုန်ကျစရိတ် ထိရောက် သက်သာစေရန်နှင့် (အထူးသဖြင့် မြို့ ကြီးများတွင် စွန့်ပစ်ပစ္စည်း သိမ်းဆည်းနိုင်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်) အခွန်ငွေ တိုးမြှင့်ရရှိရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင် နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု စနစ် များကို ပိုမိုခေတ်မီတိုးတက်အောင် စတင်ဆောင်ရွက်လျက်ရှိသော်လည်း စီမံခန့်ခွဲမှုနှင့် စပ်ဆိုင်သော လုပ်ဆောင်ရမည့်ကိစ္စများ များစွာ ကျန်ရှိနေပါသေးသည်… ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုစနစ်များသည် စီးပွားရေး လျင်မြန်စွာ ဖွံ့ ဖြိုးတိုးတက်လာမှု၊ ထိုသို့ တိုးတက်လာမှုနှင့်စပ်လျဉ်းသော ပတ်ဝန်းကျင်အပေါ် ဖိအားပေးမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ် လာမည့် အသစ် အသစ်သော စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို မျက်ခြည်မပြတ် အမှီလိုက်ရန် လိုပါသည်။ အဆိုပါကိစ္စ တွင် အောက်ပါတို့ ပါဝင်ပါသည်- • သစ်တောစီမအံ ပ်ျုပ်မတု ခွှုင် သစ်တော၏ လုပင် မ် န်းဆောင်တာများအားလုံးကို လွှမ်းခြုံမိစေမည့် ဘက်စုံထောင့စှုံ ချဉ်းကပ်မှုကို ကျင့်သုံးခြင်း။ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုများ၊ ပါဝင် ပူးပေါင်းမှုများ၊ (စိုက်ပျိုးရေး နှင့် ခရီးသွားလုပ်ငန်း ကဲ့သို့သော) အခြားကဏ္ဍများ၏ ထုတ်လုပ်နိုင်စွမ်းကို ထောက်ပံ့ပေးကာ အကာအကွယ်ပြုနိုင်မည့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများနှင့် အစဉ်အလာအရ ဆောင် ရွက်ခဲ့သည့် သစ်အခြေခံစီးပွားရေးလုပ်ငန်းများ ပါဝင်ပါသည်။ • ငါးလုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ခွင့်ပေးကာ အခွန်ငွေကောက်ခံနေခြင်းသက်သက်မှ ငါးလုပ်ငန်းနှင့် ငါးသယံ ဇာတများသည် လူသားများ၏ အကျိုးစီးပွားကို အကောင်းဆုံးရရှိအောင် ကောင်းမွန်စွာ စီမံအုပ်ချုပ်ရန် လိုအပ်သည့် အကန့်အသတ်ဖြင့်သာရရှိသော၊ ကုန်ခမ်းနိုင်သည့်အရင်းအမြစ်များအဖြစ် အသိအမှတ်ပြု ရှုမြင် ပြောင်းလဲခြင်း။ • ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်လေ့လာခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် လိုက်နာဆောင်ရွက်စေခြင်းများ အတွက် ထိရောက်သောစနစ်များ ဖော်ထုတ်ခြင်း။ အဆိုပါဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုချင်းစီတွင် အခြားနိုင်ငံများမှ အမှားများကို သင်ခန်းစာယူ၍ အန္တရာယ်ရှိသော အရာများကို ရှောင်ရှားခြင်းနှင့် ဒေသဆိုင်ရာ သဘာဝအရင်းအမြစ်တန်ဖိုးများကို ထိန်းသိမ်းထားလျက် ခိုင်မာသည့် စနစ်များ ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည့်အခွင့်အလမ်းများရှိပါသည်။ မြန်မာနိုင်ငံအစိုးရသည် သဘာဝသယံဇာများစီမံခန့်ခွဲရန် အမျိုးသားအဆင့် မဟာဗျူဟာများနှင့် လုပ်ငန်းစီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် တိုးတက်မှုများစွာ ရရှိအောင် များမကြာမီက ပြုလုပ်နိုင်ခဲ့ပါသည်။ စီမံကိန်းရေးဆွဲခြင်း မူဘောင်များ နှင့် လမ်းညွှန်ချက်များတွင် အောက်ပါတို့ပါဝင်ပါသည်။ စီမံကိန်းရေးဆွဲခြင်းများအတွက် အထွေထွေမူဘောင်များ • မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈) မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်းသည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အတွက် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ၏ အရေးပါမှုကို အသိအမှတ်ပြုပါသည်။ ပန်းတိုင် ၃ တွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်သည့် အခြေခံအဆောက်အအုံများတည်ဆောက်ရန် လိုအပ် ကြောင်းနှင့် အဆိုပါအခြေခံအဆောက်အအုံများ ဖွံ့ ဖြိုးလာမှုကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို ဖြေရှင်းနိုင် 13 ရေး ထိရောက်သည့် လူမှုရေးရာနှင့် ပတ်ဝန်းကျင်ရေးရာ ဘေးကင်းလုံခြုံမှုအစီအမံများ တည်ထောင်ထားရှိ ရန် လိုအပ်ကြောင်း သတ်မှတ်ဖော်ထုတ်ထားပါသည်။ • မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၉) မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒတွင် (၁) သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များရရှိရေး၊ (၂) စီးပွားရေးနှင့်လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုရရှိရေးနှင့် (၃) ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးကို ထည့်သွင်းပေါင်းစပ်ရေးဟူသော မဟာဗျူဟာ မြောက် ဧရိယာ(၃)ခုပါရှိပါသည်။ • မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အမျိုးသားအဆင့်နှင့် ဒေသအဆင့်များတွင် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ထိခိုက်ခံစားလွယ်သည့် ဒေသခံပြည်သူများကို အထောက်အကူ ပြုရန် ရည်ရွယ်ပါသည်။ သစ်တောကဏ္ဍ • အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (NFMP) (၂၀၀၂-၂၀၃၁) မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒတွင် (၁) သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟ စနစ်များရရှိရေး၊ (၂) စီးပွားရေးနှင့်လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုရရှိရေးနှင့် (၃) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးကို ထည့်သွင်းပေါင်းစပ်ရေးဟူသော မဟာဗျူဟာမြောက်ဧရိယာ(၃) ခုပါရှိပါသည်။ • မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (MRRP) ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော ဟက်တာ ၃၁၁,၇၄၆ အပါအ၀င် သစ်တောပြုန်းတီးသွားသော၊ အတန်း အစား ကျဆင်းသွားသော ကြိုးဝိုင်းတောများနှင့် ကြိုးပြင်ကာကွယ်တောများ ဧရိယာ ဟက်တာ ၁ သန်းကျော်ကို ပြန်လည် တည်ထောင်သွားရန် ပါဝင်ပါသည်။ ငါးလုပ်ငန်း • မြန်မာ့စိုက်ပျိုးရေးဖွံ့ ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ၂၀၁၈-၁၉ မှ ၂၀၂၂-၂၃ အထိ ဤမဟာဗျူဟာတွင် ငါးလုပ်ငန်းနှင့် ငါးမွေးမြူးရေးလုပ်ငန်းများအတွက် ရည်မှန်းချက်များ သတ်မှတ်ထားရှိ ပါသည်။ • အမျိုးသား ငါးမွေးမြူရေး ဖွံ့ ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ဤစီမံကိန်းတွင် ငါးမွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်စေရန်အတွက် ရေရှည်ဆောင်ရွက်ရမည့် အမျိုးသား ရည်မှန်းချက်များကို ချမှတ်ထားပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ညစ်ညမ်းမှု စီမံခန့်ခွဲမှု • ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ(၂၀၁၂) ပတ်ဝန်းကျင်ထန် သိမိး်း ရေးဥပဒေကို အထောက်အကူဖြစ်စေရန် ပတ်ဝန်းကျင်ထန် သိမိး်း ရေးနည်းဥပဒေများ (၂၀၁၄) နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း(၂၀၁၅)ထုတ်ပြန်ခြင်းများ ပံ့ပိုး ဆောင်ရွက်ခဲ့ကာ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ထိန်းကွပ်ခြင်းတို့အတွက် ဥပဒေမူဘောင်များ ချမှတ်ထူထောင် ထားပါသည်။ 14 • အမျိုးသား စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ဤမဟာဗျူဟာသည် နိုင်ငံသားများအားလုံးအတွက် စွန့်ပစ်ပစ္စည်း သိမ်းဆည်းသည့် ဝန်ဆောင်မှုစနစ် အကောင်အထည်ဖော်ရန်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့် လဟာပြင်တွင် မီးရှို့ ခြင်းများကို ပပျောက်ရန် ရည်ရွယ်ပါသည်။ မူဝါဒမူဘောင်များ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်လာခြင်းသည် မြင့်မားသော ရည်မှန်းချက် များစွာကို ချမှတ်ထားစေသော်လည်း အဆိုပါရည်မှန်းချက်များကို လက်တွေ့ တွင် အမှန်တကယ်အောင်မြင်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်များနှင့် ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့သည့် ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည် ဖော်ဆောင်ရွက်ရေးမှာ အဓိကစိန်ခေါ်မှုအဖြစ် ကျန်ရှိနေပါသည်။ ….သစ်တောကဏ္ဍ ဒီမိုကရေစီအကူးအပြောင်း မစတင်ခင် နှစ်များအတွင်း သစ်တောများသည် အလွန်အကျွံသစ်ထုတ်ခြင်းကို ခံခဲ့ရပါသည်။ သို့ဖြစ်ရာ သစ်တောနယ်မြေများအတွင်း တောအတန်းအစား ကျဆင်းမှုသည် နေရာအနှံ့အပြား ဖြစ်ပေါ်ခဲ့ပါသည်။ တရားမဝင် သစ်ထုတ်ခြင်း နှင့် မသမာသည့်နည်းလမ်း (အဂတိလိုက်စားမှု) များလည်း ဖြစ်ပေါ်နေဆဲ ဖြစ်ပါသည်။ သို့ရာတွင် ၂၀၁၄ ခုနှစ်၌ အဆိုပါအလွန်အကျွံထုတ်ယူမှုကို တားဆီးနိုင်ရန် သစ်လုံးတင်ပို့မှုကို ခေတ္တပိတ်ပင်ထားခဲ့ပြီးနောက် သယံဇာတများကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်ရန်နှင့် စီမံအုပ်ချုပ်နိုင်ရန် အဆင့်ဆင့်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ သစ်တောကဏ္ဍကို အသစ်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် သစ်တောများ ပြန်လည်တည်ထောင်ရေးကို အလေးပေးထားပြီး ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းနှင့် ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ထားသော ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ် ငန်းဆိုင်ရာ လမ်းညွှန်ချက်များ (CFI)သည် သစ်တောကဏ္ဍတွင် ဖြစ်လာနိုင်သော လူမှုရေးရာနှင့် ပါဝင်နိုင်ခွင့်ဆိုင်ရာ ဥပဒေကြောင်းအရ ကိစ္စရပ်များကို အလေးမူသည့် ရေရှည်စဉ်းစားရန် လိုအပ်သော အစီအစဉ်များအတွက် မူဘောင် တစ်ခုကို ချမှတ်ပေးပါသည်။ ဤ စာတမ်း အချောသတ်နေစဉ် ကာလအတွင်း အသစ်ပြင်ဆင်သည့် CFI (၂၀၁၉) အား မေလ ၂၀၁၉ တွင် ထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်ရာ CFI (၂၀၁၉) နှင့်ဆက်စပ်သည့် သုံးသပ်မှုများကို ဤစာတမ်းတွင်ထည့်သွင်းထား ခြင်းမရှိပါ။ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းတွင် သစ်တောပြန်လည်တည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင် သစ်တောလုပ်ငန်းကို မြှင့်တင်ရန်အတွက် ရှင်းလင်းသောရည်မှန်းချက်များကို ချမှတ်ထား ရာ အဆိုပါစီမံကိန်းအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက သိသာထင်ရှားသော ခြေလှမ်းတစ်ရပ် ရှေ့သို့ရောက်ရှိသွားပါလိမ့်မည်။ ကမ္ဘာလုံးဆိုင်ရာအတွေ့ အကြုံများက ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်း နှင့် စိုက်ခင်းငယ်များကို တည်ထောင် လုပ်ကိုင်သူများသည် သေချာသော မြေယာလုပ်ပိုင်ခွင့်များနှင့် မက်လုံးများရှိမည် ဆိုလျှင် စီးပွားရေးနှင့် လူမှုရေးအရ ရှင်သန်အောင်မြင်နိုင်ပြီး ကျေးလက်ပြည်သူများ၏ ဝင်ငွေ၊ ယုံကြည်မှုနှင့် စီးပွားရေး အခွင့်အလမ်းများကို အဓိပ္ပါယ်ရှိရှိ ဖန်တီးပေးနိုင်မည်ဟု ဖော်ပြပြောဆိုပါသည် (ကမ္ဘာ့ဘဏ် ၂၀၁၅ အီး)။ တိုးတက်မှုများရှိသော်လည်း မြင့်မားသော ရည်မှန်းချက်နှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ အများအပြား ရှိပါသည်။ အစိုးရနှင့် လူ့အဖွဲ့ အစည်း၏ ဆောင်ရွက်လိုသည့် နိုင်ငံရေးအသိစိတ် မြင့်မားစွာ ရှိနေသော်လည်း သစ်တောကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများနှင့် အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို အရှိန်မြှင့် လုပ်ဆောင်ရန်၊ ပုဂ္ဂလိကကဏ္ဍမှ လိုအပ်သော အရင်းအနှီးနှင့် နည်းပညာများကို ဆွဲဆောင်ရန်၊ သစ်တောများအပေါ် မှီခို နေသော ဒေသခံပြည်သူများနှင့် ပုဂ္ဂလိက သစ်တောလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် အားလုံးပါဝင်သော ဝန်းကျင်တစ်ရပ် ဖော်ထုတ်ရန် ဘဏ္ဍာရန်ပုံငွေနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်နေပါသေးသည်။ သစ်တောကဏ္ဍ ပိုမိုတန်ဖိုးတက်လာစေမည့် အဓိကအခွင့်အလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည် - • ဒေသခံပြည်သူအစုအဖွဲ့ များကို အခြေပြုသော လက်ရှိတည်ရှိနေသည့် သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုပုံစံ များကို အသိအမှတ်ပြုခြင်းနှင့် ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်မှု ပုံစံအသစ်များကိုလည်း လိုအပ်ပါ သည်။ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောများကို သစ်တောနယ်မြေများအတွင်း တည်ထောင် လုပ်ကိုင် ခွင့် ပေးသင့်ပါသည်။ သစ်တောနယ်မြေများ ပြင်ပရှိ လက်ရှိတည်ရှိနေသော ထုံးတမ်းစဉ်လာအရ သစ်တော စီမံအုပ်ချုပ်မှုများကိုလည်း ဥပဒေအရ အသိအမှတ်ပြုကာ လိုအပ်လျှင် နည်းပညာပံ့ပိုးခြင်းများ ဆောင်ရွက် 15 ပေးသင့်ပါသည်။ စိုက်ပျိုးမြေတိုးချဲ့မှုများနှင့် စိုက်ပျိုးရန် မြေယာလုပ်ကိုင်ခွင့်ချပေးမှုများ၊ အခြေခံ အဆောက် အအုံများအတွက် မြေအသုံးချမှုပြောင်းလဲ ခြင်းနှင့် သစ်အလွန်အကျွံ ထုတ်ယူခြင်းများသည် သစ်တောဖုံးလွှမ်းမှု ဆုံးရှုံးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းရခြင်းများ၏ အဓိကအကြောင်းရင်းများ ဖြစ်ပါသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ဒေသခံများက လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေသော ဒီရေတောများ အပါအဝင် မြေအတန်းအစား အမျိုးမျိုးနှင့် ဂေဟစနစ်များပေါ်တွင် သစ်တောများ ပေါက်ရောက်လျက်ရှိသည့် မြေများကို စီမံခန့်ခွဲရန် လက်တွေ့ ကျသည့် နည်းလမ်းတစ်ခု လိုအပ်နေပါသည်။ • ကျေးလက်နေပြည်သူများ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသည် ထင်းလောင်စာ (ထင်း/မီးသွေး)ကို အဓိက စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုကြသော်လည်း ၎င်းကို ဦးစားပေး ဆောင်ရွက်ရန်လိုသည့် ကိစ္စရပ်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသိအမှတ်ပြုခြင်း မရှိပါ။ ထင်းစိုက်ခင်းများ တည်ထောင်ရန်အတွက် မက်လုံး များပေးခြင်း၊ ပိုမိုထိရောက်သည့် နည်းပညာများ စတင် မိတ်ဆက်ကျင့်သုံးခြင်း၊ ထင်းလောင်စာ အစားထိုး လုပ်ငန်းများ (မဟာဓာတ်အားလိုင်း တိုးချဲ့ ခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးပေးခြင်း) အပါအဝင် ညီညီညွတ်ညွတ်ဖြင့် ကဏ္ဍစုံ စုပေါင်းအားထုတ် တုံ့ပြန်မှုတစ်ရပ် လိုအပ်နေပါသည်။ • MRRP တွင် ပါဝင်သော (သစ်တောနယ်မြေအတွင်း) ပုဂ္ဂလိက သစ်တောစိုက်ခင်းများ ပိုမိုတည်ထောင်နိုင်ရေး ရည်မှန်းချက်များသည် ဂုဏ်သတင်းကောင်းသော နိုင်ငံတကာကုမ္ပဏီကြီးများကို ဆွဲဆောင်နိုင်သည့် လုပ်သာ ကိုင်သာရှိသော မှန်ကန်သည့် ဝန်းကျင်ကောင်းတစ်ရပ်သာ ရှိမည်ဆိုပါက သိသိသာသာ တိုးမြှင့်လုပ်ဆောင် နိုင်မည် ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီကြီးများသည် နည်းပညာလွှဲပြောင်းမှု၊ ရေရှည်တည်တံ့စေမည့် နည်းနာ များ၊ ခေတ်မီသော၊ ရေရှည်တည်တံ့သော၊ ပြိုင်ဆိုင်မှုရှိသော သစ်အခြေခံလုပ်ငန်းအား ပြင်ပမှ လုပ်ကိုင်လို သူများအတွက် အစီအစဉ်များကို ထောက်ပံ့ကူညီမှု ပြုနိုင်ပါလိမ့်မည်။ • မြန်မာနိုင်ငံ၏ ကမ္ဘာ့အဖိုးအတန်ဆုံးသစ်မျိုးအချို့ကို အကန့်အသတ်ဖြင့် အလေအလွင့်များသောနည်းလမ်းဖြင့် သစ်ကုန်ချောပြုပြင်ထုတ်လုပ်မှုကြောင့် ပို့ကုန်နှင့် ကျေးလက်ဒေသ အလုပ်အကိုင်များအနေဖြင့် ကြည့်မည် ဆိုပါက စီးပွားရေးအရ ဆုံး လက်လွှတ်လိုက်ရမှုများ ဖြစ်ပေါ်နေပါသည်။ သာဓကဆိုရသော် ဗီယက်နမ်နိုင်ငံ သည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မြင့်မားသောတန်ဖိုးမြှင့် သစ်ထုတ်ကုန် ပြုပြင်ထုတ်လုပ်ခြင်းနှင့် သစ်တော လုပ်ငန်းဆိုင်ရာ အသေးစားနှင့် အလတ်စား သစ်ခြေပြုစီးပွားရေးလုပ်ငန်း (SME)များအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်။ ယခုအခါ ဗီယက်နမ်သည် သစ်အခြေပြုပစ္စည်းများ တင်ပို့ရာတွင် ပဉ္စမမြောက် အများဆုံး တင်ပို့သူ ဖြစ်လ ပြီး ရရှိသည့်ဝင်ငွေမှာ တန်ဖိုးအားဖြင့် မြန်မာနိုင်ငံထက် အဆ ၂၀ ကျော်ခန့်ရှိသည်။ ….ငါးလုပ်ငန်း မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းစီမံခန့်ခွဲမှုအတွက် အခြေပြုဆောင်ရွက်ရမည့် သိပ္ပံနည်းကျ အချက်အလက်များ ရှားပါးနေ ပါသည်။ တရားဝင် ငါးဖမ်းဆီးရရှိမှု ခန့်မှန်းကိန်းဂဏန်းများက ပင်လယ်ပြင် ငါးဖမ်းဆီးရရှိမှု (ထုတ်လုပ်မှု)တွင် မလွှဲ မရှောင်သာသော တိုးမြှင့်ဖော်ပြမှုများ ရှိနေသည်ကို ဖော်ပြနေပါသည် (DOF ၂၀၁၇ ၊ FAO ၂၀၁၈ ဘီ)။ သို့ရာတွင် အဆိုပါ ခန့်မှန်းဖော်ပြချက်များသည် အခြားသော စီးပွားရေးနှင့် သုတေသနဆိုင်ရာ အချက်အလက်များနှင့် ဆန့်ကျင် သွေဖည်လျက်ရှိရာ အစီရင်ခံ တင်ပြထားသော တရားဝင်ကိန်းဂဏန်းများနှင့် အခြားသော ရင်းမြစ်များမှ အချက်အလက် များအကြား ကွဲပြားခြားနားမှုများ ရှိနေပါသည်။ နမ်ဆမ်သုတေသနသင်္ဘော၏ အချိန်ပိုင်းအလိုက် လေ့လာဆန်းစစ်မှု များသည် မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတများ တည်ရှိမှုနှင့် ပတ်သက်သော လွန်စွာအရေးကြီးသည့် အချက်အလက် များကို ပေးခဲ့ပါသည်။ သို့တိုင် ကုန်ကျစရိတ် သက်သက်သာသာဖြင့် ငါးသယံဇာတများကို ပုံမှန်ကောက်ယူ အကဲဖြတ် မည့် နည်းလမ်းများ လိုအပ်ပါသည်။ ငါးလုပ်ငန်းစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် စီးပွားရေး အခွင့်အလမ်းများ များစွာ ရှိပါသည်။ ငါးလုပ်ငန်းနယ်ပယ်မှ ခန့်မှန်းချက်များအရ ပင်လယ်ပြင်ငါးလုပ်ငန်းမှ လက်ရှိထုတ်လုပ်မှုတစ်ခုတည်းသည်ပင် ၎င်းတို့၏ ဇီဝဗေဒဆိုင်ရာ ထုတ်လုပ်နိုင်မှု အလားအလာများထက် နိမ့်ကျလျက်ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံမျှ လျော့နည်းထုတ်လုပ်လျက်ရှိသည်။ ရခိုင်နှင့် တနင်္သာရီရှိ ပင်လယ်ငါးသယံဇာတများကို ဇီဝစီးပွားရေးဆိုင်ရာ မိုဒယ်တွက်ချက်မှုများက ငါးသယံဇာတများ ထုတ်လုပ်နိုင်မှု တိုးမြင့်လာစေမည့် အလားအလာများစွာ ရှိပါသည်ဟု မျှော် မှန်းကြပါသည်။ 16 (ရေသတ္တဝါ) ငါးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း၏ တန်ဖိုးအား မြှင့်တင်ပေးနိုင်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ခြင်း၊ ပို၍အဖိုးတန်သော ငါးမျိုးစိတ်များ ပါဝင်သည့် ငါးမွေးမြူထုတ်လုပ်ခြင်းအမျိုးမျိုး ကို ဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်သည့် ဧရိယာများကို တိုးချဲ့ဆောင်ရွက်ရန် ခွင့်ပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ အမှန်တကယ် ငါးမွေးမြူထုတ်လုပ်ခြင်းသည် ထိုင်းနိုင်ငံ၏ တစ်ဝက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လေးပုံတစ်ပုံ၊ ဗီယက်နမ်နိုင်ငံ၏ ခုနှစ်ပုံတစ်ပုံမျှသာ ရှိသည်ဟု ခန့်မှန်းပြောဆို ကပါသည်။ ပုံ-၆ တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ ငါးမွေးမြူထုတ်လုပ်သည့် ငါးအမျိုးအစားများနှင့် ပမာဏကို နှိုင်းယှဉ်ဖော်ပြထားပါသည်။ ပုံ-၆ ၂၀၀၆ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ ငါးမွေးမြူထုတ်လုပ်ခြင်း ၄.၀၀ ငါးကြင်း (ရေသတ္တဝါ) ငါးမွေးမြူထုတ်လုပ်ခြင်း (တန်ချိန် သန်းပေါင်း) ၃.၄၇ ၃.၅၀ အခြားသော ရေချိုငါးများ ၃.၀၀ တလားဗီးယား ၂.၅၀ ၂.၂၀ ပင်လယ်နှင့် ၂.၀၀ ကမ်းရိုးတန်းငါးများ အခွံမာရေသတ္တဝါများ ၁.၅၀ ၁.၀၂ ၀.၉၆ ခရုကမာကောင်များ ၁.၀၀ ၀.၅၀ ပင်လယ်ရေညှိ ၀.၅၀ ၀ ၁။ မြန်မာ ၂။ မြန်မာ ၃။ ထိုင်း ၄။ ဘင်္ဂလားဒေ့ရှ် ၅။ ဗီယက်နမ် (ခန့်မှန်းချက်) ရင်းမြစ်၊ FAO ၂၀၁၈ 6 ငါးလုပ်ငန်းနှင့် (ရေသတ္တဝါ) ငါးမွေးမြူရေးလုပ်ငန်းများ၏ တန်ဖိုးကွင်းဆက်လုပ်ငန်းများသည် ကောင်းစွာ အလုပ် ဖြစ်ထွန်းမှု မရှိသည်ကို ရှင်းလင်းစွာ တွေ့ ရပါသည် (Belton et al. ၂၀၁၅ ၊ FAO ၂၀၁၈)။ အဆိုပါအချက်သည် တန် ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်းများ အကန့်အသတ်သာရှိခြင်း၊ ငါးသားပေါက် မျိုးစိတ်အမျိုးမျိုး ရရှိနိုင်ရန် ခက်ခဲခြင်း၊ မွေးမြူရာတွင် အစာတောင့် ကျွေးကာ မွေးမြူခြင်းမျိုး နည်းပါးခြင်းနှင့် တိရစ္ဆာန်ဆေးကုနှင့် ရောဂါရှာဖွေခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ လွန်စွာရှားပါးခြင်း အစ ရှိသော လုပ်ငန်းနယ်ပယ်များတွင် ထင်ရှားစွာ တွေ့ မြင်ရပါသည်။ အဆိုပါ အခြေအနေသည် တရားဝင်ချေးငွေရရှိနိုင်မှု မရှိခြင်းနှင့် ဈေးကွက် အထောက်အကူပြု အခြေခံအဆောက်အအုံများ လုံလောက်မှုမရှိခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာပါသည်။ ဒေသခံပြည်သူလူထုအခြေပြု ငါးလုပ်ငန်းစီမံခန့်ခွဲမှုသည် ငါးလုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်နေရသည့် ပြဿနာအချို့ကို ဖြေရှင်းနိုင်သည့် အခွင့်အလမ်းများကို ပေးပါသည်။ အဆိုပါ စီမံခန့်ခွဲမှုသည် ကုန်းတွင်းနှင့် ကမ်းနိမ့်ငါးဖမ်းလုပ်ငန်းများမှ ရရှိသော အကျိုးကျေးဇူးများ ညီညွတ်မျှတစွာ ခွဲဝေခံစားမှုကို အားပေးကာ ငါးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုကို မြှင့်တင် အားပေးခြင်းနှင့် ဆင်းရဲနွမ်းပါးသူများ၏ အသက်မွေးဝမ်းကျောင်းမှုများအား လုံခြုံမှုရှိစေခြင်းတို့အကြား ပေါ်ပေါက်လာ မည့် ယှဉ်ပြိုင်မှုပြင်းထန်သည့် တောင်းဆိုမှုများကိုလည်း ဟန်ချက်ညီအောင် ကူညီထိန်းညှိပေးပါသည်။ သို့ရာတွင် လက်ရှိဆောင်ရွက်နေသည့် ရှေ့ပြေးစီမံကိန်းများကို တိုးချဲ့လုပ်ဆောင်နိုင်ရန် ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များနှင့် ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည် တည်ဆောက်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါသည်။ တတ်နိုင်လောက် 6 ကော်လံ (၁) သည်လေ့လာဆန်းစစ်ချက်များမှ ရရှိသော ငါးနှင့် ပုဇွန်အထွက်နှုန်းအပေါ်အခြေခံ၍ မြန်မာနိုင်ငံထုတ်လုပ်မှုအဆင့်အား အစားထိုးခန့်မှန်း တွက်ချက်မှုတစ်ခုဖြစ်သည်။ ၄င်းအစားထိုးခန့်မှန်းချက်မှ မြန်မာနိုင်ငံ၏ အမှန်တကယ်ငါးမွေးမြူထုတ်လုပ်ခြင်းသည် အစီရင်ခံစာပါ ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ရှိမည်ဟုသုံးသပ်ပါသည်။ 17 သည့် ချေးငွေများကို ချေးယူနိုင်ခွင့်ကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းသည် ရေလုပ်သားများအကြား မျှတမှုနှင့် ဆင်းရဲ နွမ်းပါးမှုများကို ကူညီဖြေရှင်းပေးရာရောက်ပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် ချေးငွေ ရရှိနိုင်မှု တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၈ တွင် ရှိပြီး ရေလုပ်သားအများစုသည် ကုန်သည်ကြီးများထံမှ ယူထားရသည့် ကြွေးမြီများကြောင့် ၎င်းတို့အပေါ် မှီခိုဆက်ဆံနေရသည့် အနေအထားတွင်သာ ပိတ်မိနေကြပါသည်။ ငါးလုပ်ငန်းဆိုင်ရာအုပ်ချုပ်မှု နှင့် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည် ကမ်းရိုးတန်းနှင့် ရေလွှမ်း ဒေသများရှိ ဒေသဆိုင်ရာ ပဋိပက္ခများကို လျှော့ချနိုင်သည့် အခွင့်အလမ်းများ သိသိသာသာ ရရှိစေပါသည်။ ငါးလုပ်ငန်း ကဏ္ဍတွင် အဓိက တွေ့ ရသော ပဋိပက္ခများမှာ (က) ကမ်းဝေးစီးပွားဖြစ် ငါးဖမ်းသင်္ဘောများနှင့် ကမ်းနီး တစ်နိုင်တစ်ပိုင် ရေလုပ်သားများကြား ပင်လယ်ငါးဖမ်းရာတွင် ပြိုင်ဆိုင်မှု (ခ) ရေလွှမ်းဧရိယာများတွင် ထားရှိမည့်ရေအနက်ကို စီမံခန့်ခွဲမှု အပေါ် ရေလုပ်သားများနှင့် လယ်သမားများကြား ဖြစ်ပွားသောပဋိပက္ခနှင့် (ဂ) သိမ်းဆည်းထားခံရသည့် မြေများအပေါ် စီးပွားဖြစ် ငါးမွေးမြူသူများနှင့် ယခင်တောင်သူ (စပါးစိုက်ပျိုးသူများ)၊ ရေလုပ်သားများကြား ဖြစ်ပွားသော ပဋိပက္ခများ ဖြစ်ကြပါသည်။ ကမ်းဝေးငါးဖမ်းလှေများအတွက် ငါးဖမ်းလှေ စောင့်ကြပ်ကြည့်ရှုသည့် စနစ်ထူထောင်ထားရှိခြင်းသည် အဆိုပါ ဒေသဆိုင်ရာပဋိပက္ခများကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ …..ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA)စနစ် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစနစ်သည် ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ ဖိအားများ တိုးမြှင့်လာခြင်းနှင့် အတူ တောင်းဆိုမှုများစွာကို တုံ့ပြန်ဖြေရှင်းရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်း စစ်ခြင်း အစီရင်ခံစာများသည် ကြီးမားသော ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှု များအား သတ်မှတ် ဖော်ထုတ်ကာ စီမံခန့်ခွဲရာတွင် အရေးပါပြီး စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေး ဘက်စုံပါဝင်မှုတို့ကိုလည်း ဟန်ချက်ညီစေပါသည် (IFC ၂၀၁၇; Raizer ၊ Samson နှင့် Nam ၂၀၁၅) ။ များမကြာမီက ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များ ရေးဆွဲရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပါသည်။ အစိုးရသည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းများ (EIAs)၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ် ခြင်းများ (IEEs) နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ (EMPs) အပေါ် စိစစ်သုံးသပ်ရန်နှင့် အတည်ပြု ကြီးကြပ် နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာနခွဲကိုလည်း တည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အစိုးရအနေဖြင့် EIA လုပ်ငန်းစဉ်အား စီမံခန့်ခွဲရာတွင် ပွင့်လင်း မြင်သာမှုရှိသော သတင်းအချက်အလက်စနစ် တစ်ရပ်ရှိရေး ဆောင်ကျဉ်းပေးရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ပို၍ထိရောက်သော ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းညှိပေးသည့် အဖွဲ့ အစည်းဖြစ်လာစေရန် သင့်တော်သော နည်းပညာစွမ်းရည်၊ ပစ္စည်းကိရိယာ များ၊ ဘဏ္ဍာရန်ပုံငွေနှင့် ဝန်ထမ်းအင်အားများ ဖြည့်ဆည်းရန် လိုအပ်ပါသည်။ ၎င်းတို့တွင် EIA ၊ IEE နှင့် EMP အစီရင်ခံစာများအပေါ် မျက်ခြည်မပြတ် ခြေရာကောက်ခြင်းနှင့် ပွင့်လင်းမြင်သာရှိစေခြင်းအား တိုးမြှင့်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ စွမ်းဆောင်ရည်အား ခိုင်မာအားကောင်းစေခြင်းနှင့် အစီရင်ခံစာများ စိစစ်သုံးသပ် အတည်ပြု ခြင်းအတွက် ဘဏ္ဍာငွေ ယန္တရား တည်ဆောက်လည်ပတ်ခြင်းတို့ ပါဝင်သကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် စာရင်းစစ်ခြင်းတို့ကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပါသည်။ EIA ၊ IEE နှင့် EMP အစီရင်ခံစာများ အလုံးအရင်း တင်ပြလာကြပါသည်။ ထိုအရာသည် အရေးပါသော အောင်မြင်မှု တစ်ခုဖြစ်သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိပြီး တင်ပြလာသော အစီရင်ခံစာများ အရည်အသွေး နိမ့်ကျခြင်းကြောင့် အလုပ်ဝန်ပိခြင်းများ ဖြစ်လာစေပါသည်(ပုံ - ၇ တွင် ဖော်ပြထားသည်)။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ တင်ပြလာသော အစီရင်ခံစာ စုစုပေါင်း ၂၇၈၃ အုပ် ရှိပါသည်။ ကဏ္ဍအလိုက် တင်ပြလာသော အစီရင်ခံစာများတွင် သတ္တုတူးဖော်ခြင်းကဏ္ဍဆိုင်ရာ အစီရင်ခံစာများသည် အများဆုံးဖြစ်ကြောင်း ဖော်ပြနေပါသည်။ အစီရင်ခံစာအားလုံးနီးပါး (၉၀ ရာခိုင်နှုန်း) ပြန်ကြားပြီး ဖြစ်သော်လည်း ၆.၉ ရာခိုင်နှုန်း (၁၉၂ အုပ်) ကိုသာ အတည်ပြုခဲ့ပါသည်။ EIAs ၂၅၀ အုပ်၊ IEEs ၄၈၂ အုပ်နှင့် EMPs ၁၈၅၉ အုပ် တို့အား အတည်ပြုရန် ကျန်ရှိနေပါသေးသည်။ 18 ပုံ-၇ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လက်ခံရရှိခဲ့သော EIA ၊ IEE နှင့် EMP အစီရင်ခံစာများ ၃,၀၀၀ ၂,၅၀၀ ၂,၀၀၀ ၁,၅၀၀ ၁,၀၀၀ ၅၀၀ ၀ ၂၀၁၄-၁၅ ၂၀၁၅-၁၆ ၂၀၁၆-၁၇ ၂၀၁၇-၁၈ EIA IEE EMP ရင်းမြစ် - ကမ္ဘာ့ဘဏ် ၂၀၁၉ ဒီ ယခုလက်ရှိတွင် ဒေသခံပြည်သူများ၏ တိုင်တန်းမှုများအား ဖြေရှင်းရေးကိုသာ ဆောင်ရွက်နိုင်ပြီး ထိရောက်မှုရှိသည့် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စစ်ဆေးခြင်းစနစ် ပြဌာန်းထားခြင်း မရှိသေးပါ။ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်သိမ်းရေး ဦးစီးဌာနသည် များပြားလှသော အစီရင်ခံစာများအား စိစစ်သုံးသပ်ခြင်း၊ အတည်ပြုခြင်းများကို ဆောင်ရွက်နေရရာ ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဆောင်ရွက်မှုနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအတွက် စွမ်းအားပြည့် ထည့်သွင်း ဆောင်ရွက်နိုင်ခြင်း မရှိပါ။ အဆိုပါကိစ္စသည် မဟာမဲခေါင်ဒေသတွင်းရှိ အခြားသောနိုင်ငံများတွင်လည်း တွေ့ ရလေ့ရှိ သည့် ပြဿနာတစ်ခု ဖြစ်နေပါသည် (ERI ၂၀၁၆)။ မြန်မာနိုင်ငံအနေဖြင့် တိုင်းတာ၍ရသော ပတ်ဝန်းကျင်ဆိုင်ရာ ရလဒ်များ ရရှိရေးအတွက် EIA ပြုလုပ်ပြီးသည့်နောက် ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်မှု ဆိုင်ရာ အားထုတ်မှုများကို အာရုံစိုက် ဆောင်ရွက် နိုင်ရန် လိုက်နာဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာတစ်ရပ် ရေးဆွဲဖော် ဆောင်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါသည်။ …နှင့် အစိုင်အခဲစွန့်ပစ်ပစ္စည်း၊ ပလတ်စတစ်နှင့် လေထုညစ်ညမ်းခြင်း အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၏ ရည်မှန်းချက်ဖြစ်သည့် ရာနှုန်းပြည့် စွန့်ပစ်ပစ္စည်း သိမ်းဆည်းနိုင်ခြင်းကို ပြည့်မီစေရန် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲဖော်ထုတ်၍ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လမ်းပြမြေပုံတစ်ခု လိုအပ်ပါသည်။ အဆိုပါ လမ်းပြမြေပုံတွင် ပလတ်စတစ် စီမံခန့်ခွဲမှု အမှားများကြောင့် စီးပွားရေးအရထိခိုက်မှုများကို သုံးသပ်ဆန်းစစ်ခြင်းနှင့် ပလတ်စတစ်အသုံးပြုမှုနှင့် ရေကြောင်းများ (မြစ်၊ ချောင်း၊ အင်းအိုင်များ) အတွင်းသို့ ရောက်ရှိလာသည့် ပလတ်စတစ်ပမာဏ (ပလတ်စတစ်များ စိမ့်ပျံ့မှု)ကို လျှော့ချ နိုင်မည့် မူဝါဒလုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ သတ်မှတ်ဖော်ထုတ်ခြင်းများ ပါဝင်ရန် လိုပါသည်။ ပတ်ဝန်းကျင်တွင် တွေ့ ရသော ထိပ်သီးဦးစားပေး ပလတ်စတစ်အမျိုးအစား ၁၀ မျိုးကို သတ်မှတ်ရန်နှင့် မြန်မာနိုင်ငံ အခြေအနေနှင့် နိုင်ငံတကာ အတွေ့ အကြုံကို အခြေခံ၍ ချမှတ်ဆောင်ရွက်နိုင်ဖွယ်ရှိသော ပလတ်စတစ်ဆိုင်ရာ မူဝါဒများ၏ အကျိုးရှိ ထိရောက်မှုများကို ဆန်းစစ် သုံးသပ်ရန်လည်း လိုအပ်ပါသည်။ ထို့အပြင် အဓိက ဦးစားပေးမြို့ ကြီးများတွင် ရေကြောင်းများ (မြစ်၊ ချောင်း အင်းအိုင်များ) အတွင်းသို့ ရောက်ရှိလာသည့် ပလတ်စတစ်ပမာဏ (ပလတ်စတစ်များ စိမ့်ပျံ့မှု) ကို ဖော်ပြ သည့် အချက်အလက်များ လိုအပ်ပါသည်။ ထိုကဲ့သို့သော ပလတ်စတစ်များ စိမ့်ပျံ့မှုနှင့် အသုံးပြုမှုများကို သိသိသာသာ လျှော့ချနိုင်မည့် စည်ပင်သာယာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် မူဝါဒများကို ဆန်းစစ်ဖော်ထုတ်ရန်လည်း လိုအပ်ပါသည်။ 19 ထိတွေ့  လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုသည့် ကွန်ယက်တည်ထောင်ခြင်းနှင့် ထုတ်လွှတ်မှုလမ်းညွှန်ချက်များကို လိုက်နာစေခြင်းတို့သည် လေထုအရည်အသွေး စီမံခန့်ခွဲရာတွင် ပထမအဆင့်အနေဖြင့် လေထုညစ်ညမ်းခြင်းကို စောင့်ကြည့် ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အထောက်အကူပြုပါလိမ့်မည်။ ညစ်ညမ်းပစ္စည်း အမျိုးအစားနှင့် ပမာဏကို တိုင်းတာမည့် ကိရိယာတပ်ဆင်ခြင်းနှင့် ကျွမ်းကျင်မှုရှိခြင်း၊ လေထု ညစ်ညမ်းမှုဖြစ်စေသည့် အဓိကရင်းမြစ် နေရာများကိုလည်း တိုင်းတာခြင်းတို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် ညစ်ညမ်းမှုအဆင့်များကို အကဲဖြတ် တိုင်းတာနိုင်မည့် ရေရှည် လေ့လာချက်များ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်မှုများတွင် ကုန်ကျစရိတ်နည်းသည့် စောင့်ကြပ် ကြည့်ရှုသည့် အာရုံခံကိရိယာများ တပ်ဆင်ထားရှိခြင်း၊ အဆိုပါ အာရုံခံကိရိယာများမှ ရရှိလာသော ရလဒ်များကို လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုသည့် ပုံသေစခန်းများမှ ရလဒ်များနှင့် စံကိုက်ချိ န်ညှိခြင်းများပြုခြင်းတို့ ပါဝင်ပါသည်။ အဓိကမြို့ ကြီးများအတွက် လေထုညစ်ညမ်းစေသည့် ပစ္စည်းများ ထုတ်လွှတ်မှု စာရင်းကောက်ယူခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါသည်။ အမှန်တကယ် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လေထုအရည်အသွေး၊ လေထုညစ်ညမ်းစေသည့် အရင်း အမြစ်များနှင့် ထုတ်လွှတ်မှု စာရင်းကောက်ယူခြင်း တို့အပေါ် အခြေခံကာ လေထုအရည်အသွေးကို မိုဒယ်ဖြင့် တွက်ချက်ခြင်းဖြင့် ရည်မှန်းထားသည့် လေထုအရည်အသွေးကို ရရှိစေမည့် ကုန်ကျစရိတ် ထိရောက်သက်သာသည့် မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ချမှတ်ဆောင်ရွက်နိုင်ကာ လေထု အရည်အသွေး စီမံခန့်ခွဲမှုစီမံကိန်းရေးဆွဲရာတွင် အခြေခံအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များ သစ်တောကဏ္ဍ ၁။ သစ်တောနယ်မြေအတွင်း CF ကို လျှင်မြန်စွာ တိုးတက်စေမည့် ဆောင်ရွက်မှုစနစ်ကို တည်ဆောက်ရန် သစ်တောဦးစီးဌာနသည် CF တည်ထောင်ရန်အတွက် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များကို ရိုးရိုးရှင်းရှင်းဖြစ်စေရန်နှင့် အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါသည်။ တိုင်းရင်းသားမျိုးနွယ်စု ပြည်သူများသို့ CF ဝန်ဆောင်မှုလုပ်ငန်းများ ပေးခြင်း အပါအဝင် CF တည်ထောင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို လျှင်မြန်စွာတိုးတက်စေမည့် ထိရောက်သည့် ဆောင်ရွက်မှုစနစ်ကို ဖော်ထုတ်ခြင်းသည် အဆိုပါ လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်အောင် ကူညီပေး နိုင်မည်ဖြစ်သည်။ ၂။ သစ်တောပေါက်ရောက်မအှု နေအထား သယံဇာတစာရင်းကောက်ယြူ ခင်း၊ ထိန်း ချုပ်သည့စ် နစ်များ အားကောင်ါးံဝင်သော ဥပဒေစိး စေခြင်း၊ အဖွဲ့ အစည်းပေါင်းစုပု ရေးကို ဦးဆောင်ဆောင်ရကု မိွးြ် ခင်း၊ မြန်မာ့သစ်လပ် န်းကို ပြုပြင်ု င ပြောင်းလဲခြင်း အချို့သော သဘာဝတောများတွင် ရေရှည်တည်တံ့သည့် သစ်ထုတ်လုပ်ခြင်းကို ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင် သည့် အနေအထားမှာပင် သစ်တောဦးစီးဌာနအနေဖြင့် (၁) သစ်တောပြန်လည်တည်ထောင်ရေးများ မည်သို့ ဆက်လက်ဆောင်ရွက်မည်၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူအစုအဖွဲ့ များနှင့် အစိုးရ၏ ဆောင်ရွက်အားထုတ်မှုများကို မည်သို့ အကောင်းဆုံး စီမံခန့်ခွဲမည် ဆိုသည်များကို ဆုံးဖြတ်နိုင်ရန် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း ဆောင်ရွက်သင့်သည် (၂) တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းတို့တွင် အထောက်အပံ့ပြုရန် အတွက် တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သင့်သည် (၃) စီမံကိန်းရေးဆွဲခြင်းနှင့် ထိန်းချုပ်မှုစနစ်များ ခိုင်မာအားကောင်းလာစေရေးနှင့် ဥပဒေအတိုင်း လိုက်နာဆောင်ရွက် စေရေးအတွက် အဖွဲ့ အစည်းပေါင်းစုံ ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်သင့်သည် (၄) မြန်မာ့သစ်လုပ်ငန်းကို ပြုပြင် ပြောင်းလဲရာတွင် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သင့်သည်။ ၃။ နာမည်ဂုဏ်သတင်းရှိသော၊ ထုတ်လုပ်မှုဖြစ်စဉ်အားလုံးအတွက် အသိအမှတ်ပြု လက်မှတ်ရရှိထားသော ပုဂ္ဂလိက ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ပုဂ္ဂလိက စိုက်ခင်းလုပ်ငန်းများအတွက် လုပ်သာကိုင်သာ ရှိသည့်ဝန်းကျင်ကို မြှင့်တင်ပေးခြင်း မြန်မာနိုင်ငံအနေဖြင့် သစ်အခြေခံစက်မှုလုပ်ငန်းနှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်းသုံးစိုက်ခင်းနှင့် စီးပွားရေးစိုက်ခင်း မဟာ ဗျူဟာတစ်ရပ်ကို ဖေါ်ထုတ်ရေးဆွဲခြင်းမှ အကျိုးဖြစ်ထွန်းနိုင်သည်။ ပွင့်လင်းမြင်သာသော ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ 20 ဘေးကင်းလုံခြုံမှု အစီအမံများ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် မိတ်ဖက်ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ (အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ဆောင်ရွက်မှုများ)၊ ဘဏ္ဍာရေးမက်လုံးများနှင့် SME များအတွက် လုပ်ငန်းများကို ဖြစ် မြောက်စေသော ဝန်းကျင်ဖန်တီးပေးခြင်း စသည်တို့နှင့်ပတ်သက်၍ တွေ့ ကြုံနေရသည့် အတားအဆီး၊ အကန့်အသတ် များကို ကိုင်တွယ် ဖြေရှင်းနိုင်မည့်နည်းလမ်းများ အဆိုပါမဟာဗျူဟာတွင် ပါဝင်သင့်သည်။ ၄။ သဘာဝထိန်းသိမ်းရေးနယ်မြေများကို စုစုပေါင်းမြေဧရိယာ၏ ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိအောင် တိုးတက်လာ စေရေး ဆောင်ရွက်ခြင်း သဘာဝထိန်းသိမ်းရေးနယ်မြေများ အုပ်ချုပ်မှုစီမံကိန်းများ ရေးဆွဲခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ တရားဝင်ဖွဲ့ စည်းခြင်းလုပ်ငန်း စဉ်၊ စသည်တို့ကို ဆက်လက်ဆောင်ရွက်ရာတွင် ဒေသခံများ၏ ယခင်က တည်ရှိပြီးဖြစ်သည့် အခွင့်အရေးများကို ထည့်သွင်း စဉ်းစားသင့်သည်။ သစ်တောဦးစီးဌာနသည် (၁) ဂေဟအခြေခံ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရေးအတွက် ပိုမိုထိရောက်သည့် စီမံအုပ်ချုပ်မှု မူဘောင်တစ်ရပ်ကို ရေးဆွဲခြင်း (၂) ဒီရေတောများကို ဦးစားပေးလုပ်ငန်း တစ်ရပ် အနေဖြင့် ပြန်လည်တည်ထောင်စိုက်ပျိုးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းနှင့် (၃) သဘာဝထိန်းသိမ်းရေးနယ်မြေ များနှင့် ရေဝေရေလဲဒေသ ပြန်လည်တည်ထောင်ခြင်းများကို ထောက်ပံ့ပေးမည့် ကာဗွန်ပေးချေမှုများအပါအဝင် ဂေဟစနစ် ဝန်ဆောင်မှုများအတွက် အခကြေးငွေပေးဆောင်စေခြင်းကို စတင်ကျင့်သုံးရန် ဖြစ်နိုင်ချေများ လေ့လာ ဆန်းစစ်ခြင်းများကို စဉ်းစားသင့်ပါသည်။ ၅။ စိန်ခေါ်မှုကြီးမားသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် သစ်တောဦးစီးဌာန၏ စွမ်း ဆောင်ရည်ကို တည်ဆောက်ခြင်း လိုအပ်သော ထောက်ပံ့မှုများတွင် အရည်အသွေး ဖွံ့ ဖြိုးတိုးတက်စေခြင်း၊ ဘဏ္ဍာရန်ပုံငွေ တိုးမြှင့်ခြင်း၊ နည်းပညာဆိုင်ရာ ထောက်ပံ့ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ များ ပိုမိုပါဝင်လာစေခြင်းတို့ ပါဝင်ပါသည်။ သစ်တောဦးစီးဌာနအနေဖြင့် အထူးတလည် လိုအပ်သော ကျွမ်းကျင်မှု အရည်အသွေးများတွင် အောက်ခြေမှစ၍ စီမံကိန်းများ ရေးဆွဲခြင်း၊ ပြည်သူ အစုအဖွဲ့ နှင့် တွေ့ ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အသက်မွေးမှု အထောက်အပံ့နှင့် စီးပွားရေးဖွံ့ ဖြိုးမှုဆိုင်ရာ နားလည်တတ်ကျွမ်းမှု၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်လာမှုတို့ ပါဝင်ပါသည်။ ငါးလုပ်ငန်း ၆။ တည်ဆဲ ငါးလုပ်ငန်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုကို အားကောင်းစေခြင်းနှင့် ဖမ်းဆီးရမည့် ပမာဏ သတ်မှတ်ထားသည့် စနစ်များဆီသို့ ရွေ့လျားချီတက်ခြင်း တည်ဆဲငါးလုပ်ငန်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပိုမိုတွန်းအားပေးဆောင်ရွက်ရန် လိုပါသည်။ အဆိုပါဆောင်ရွက်မှုများတွင် ပင်လယ်ပြင်နှင့် ရေချိုငါးဖမ်းလုပ်ငန်းများတွင် ငါးဖမ်းကိရိယာ (ဂီယာ) ကန့် သတ်ခြင်းနှင့် ငါးမဖမ်းရ ရာသီသတ်မှတ်၍ လိုက်နာဆောင်ရွက်စေခြင်း၊ ကမ္ဘာ့နေရာဒေသတိုင်းတာရေးစနစ် (GPS) အမှတ်အသားများဖြင့် ကမ်းနီးနှင့် ကမ်းဝေးဇုန်များကို ရှင်းလင်းစွာသတ်မှတ်ထားခြင်းနှင့် ကမ်းဝေးငါးဖမ်းလှေများ အားလုံးတွင် ငါးဖမ်းလှေ စောင့်ကြပ်ကြည့်ရှုသည့်စနစ် (VMS) ကို တပ်ဆင်အသုံးပြုခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် ဖြစ်ပေါ်လာသော အမှုအခင်း၊ ကိစမွ်းနိင္ဈားကို တရားရုံးသို့ တင်သင် န် ပူးပေါင်းဆောင်ရကု ရွ မှ်ုနငှ့် လုပထ် ည်းဆိင်ုံးလုပန်ာု ရ စွမ်းဆောင်ရည်များ ဖွံ့ ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ ဖမ်းဆီးရမည့် ပမာဏကို သတ်မှတ်ထားသည့် စနစ်များကို လည်း အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါသည်။ အချိန်နှင့်အမျှ ငါးသယံဇာတများ တည်ရှိမှုကို အကဲဖြတ် ဆန်းစစ်ခြင်း နှင့် စောင့်ကြပ်ကြည့်ရှုခြင်းများ ဖော်ဆောင်ခြင်းသည် အနည်းဆုံးအားဖြင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွင် ဖမ်းဆီးရမည့် ပမာဏကို အခြေပြုသတ်မှတ်ထားသည့် လုပ်ငန်းခွင့်ပြုမိန့်များပေးရန် နှင့် ဖမ်းဆီးရမည့် ပမာဏကို သတ်မှတ်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သင့်ပါသည်။ ု ေ ၇။ ငါးနေငါးထိင် တာများ(ရေနေ ကျက်စားဒေသများ)ကို ကာကွယြ် ခင်း ထိုသို့ ကာကွယ်ခြင်းတွင် အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေများ အသစ်ထူထောင်ခြင်း အပါအဝင် ရေချိုလွှမ်းသည့် ရေတိမ် ဒေသများ၊ ဒီရေတောများနှင့် သန္တာကျောက်တန်းများကို ကာကွယ်ခြင်းများ ပါဝင်သည်။ ကမ်းရိုးတန်းသယံဇာတများ စီမံခန့်ခွဲခြင်းနှင့် ရေချိုငါးလုပ်ငန်းများ ကာကွယ်ခြင်းကို စိုက်ပျိုးရေးနှင့် ရေသယံဇာတများဆိုင်ရာ မူဝါဒများအတွင်းသို့ ပေါင်းစပ်ထည့်သွင်းခြင်းများအတွက် ဥပဒေနှင့်အဖွဲ့ အစည်းဆိုင်ရာ မူဘောင်များသည် လွန်စွာအရေးကြီးပါသည်။ 21 ၈။ ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို အထောက်အပံ့ပြုရေးအတွက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ ပြည်သူများကို စုစည်းနိုင်ရန် စုပေါင်းစီမံခန့်ခွဲမှုကို အားကောင်းစေခြင်း ကမ်းနီးနှင့် ရေချို ငါးဖမ်းလုပ်ငန်းများတွင် လက်ရှိ ရှေ့ပြေးဆောင်ရွက်နေသည့် စုပေါင်းစီမံခန့်ခွဲမှုများကို တိုးချဲ့ လုပ်ဆောင် ခြင်းသည် မြေအသုံးပြုခွင့်သေချာစေရန်အတွက် ဥပဒေမူဘောင်များ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်ကာ ရေလုပ်သားများအသင်းနှင့် သမဝါယမအဖွဲ့ များ ကဲ့သို့သော ဒေသအဖွဲ့ အစည်းများကိုလည်း တည်ထောင်လာစေမည်ဖြစ်ပါသည်။ ဒေသခံပြည်သူလူထုအခြေခံ ငါးလုပ်ငန်းများအတွက် ချေးငွေရယူရန် အခက်အခဲ များနှင့် ရွေးချယ်ပိုင်ခွင့်များကို ဆန်းစစ်အကဲဖြတ်ခြင်းသည်လည်း အရေးကြီးပါသည်။ ၉။ ထုတ်လုပ်မှုစွမ်းအား ပိုမိုကောင်းမွန်သည့် ငါးမွေးမြူရေးလုပ်ငန်းကဏ္ဍ ဖြစ်လာရန်အတွက် နေရာများဖန်တီးခြင်း ပထမအဆင့်သည် အမျိုးမျိုးသော ငါးမွေးမြူရေးလုပ်ငန်း အမျိုးအစားများအတွက် ဇီဝရုပ်သွင်နှင့် ဈေးကွက်အလား အလာများကို ဆန်းစစ်အကဲဖြတ်ခြင်း ဖြစ်သင့်ပါသည်။ လယ်မြေနှင့် ရေလှောင်ကန်များအတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးတွင် အတားအဆီးများကို ဖယ်ရှားနိုင်ရန်နှင့် ကမ်းရိုးတန်းဒေသများတွင် ခြုံသွင်းငါး မွေးမြူရေး (ရေပိတ် လှောင်၍ ငါးမွေးမြူခြင်း)များအတွက် စည်းမျဉ်းစည်းကမ်းများ ဖော်ထုတ်ရန် ဥပဒေမူဘောင်များကို ပြုပြင်ပြောင်းလဲရန် လိုပါသည်။ ထို့အပြင် အခြေခံဈေးကွက်သို့ လက်လှမ်းမီစေမည့် အခြေခံအဆောက်အအုံများ၊ တိုးချဲ့ပညာပေးခြင်း၊ ဇီဝလုံခြုံမှု၊ အရည်အသွေးထိန်းချုပ်သည့် ဝန်ဆောင်မှုများ၊ စီးပွားဖြစ် သားဖောက်သည့်နေရာများ ထားရှိခြင်းနှင့် အစာထုတ်လုပ်ခြင်းနှင့် ရွေးချယ်မျိုးစပ်သည့် အစီအစဉ်များ စတင်ကျင့်သုံးခြင်းတို့ကို အလေးမူသော ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာများ ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ၁၀။ အချက်အလက်ကောက်ယူခြင်းနှင့် စီမံခန့်ခွဲမှု အဆိုပါအချက်အလက်ကောက်ယူခြင်းလုပ်ငန်းသည် ငါးစားသုံးမှု (ပုံမှန် အိမ်ထောင်စုလေ့လာမှုစစ်တမ်းများတွင် ထည့် သွင်းဆောင်ရွက်နိုင်သော)၊ ငါးသယံဇာတများ တည်ရှိမှုနှင့် ဆိပ်ကမ်းသို့ ရောက်ရှိလာသော ငါးပမာဏကို စောင့်ကြပ် ကြည့်ရှုခြင်း၊ ငါးဖမ်းလှေများကို တရားဝင်မှတ်ပုံတင်ခြင်း၊ ငါးဖမ်းလှေ စောင့်ကြပ်ကြည့်ရှုသည့် စနစ်၊ အင်းများနှင့် တင်ဒါပေးမှုများကို ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက် စနစ်(GIS )အသုံးပြုကာ မှတ်တမ်းတင်ထားခြင်း၊ ငါးမွေး ကန်များကိုလည်း ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ်(GIS)အသုံးပြုကာ မှတ်တမ်းတင်ထားခြင်းတို့ ပါဝင် သင့်ပါသည်။ ၁၁။ ကျယ်ပြောလှသော စီမံခန့်ခွဲမှု လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ရန် ငါးလုပ်ငန်းဦးစီးဌာန၏ စွမ်း ဆောင်ရည်ကို တည်ဆောက်ခြင်း လိုအပ်သော အထောက်အပံ့များတွင် အရည်အသွေး ဖွံ့ ဖြိုးတိုးတက်စေခြင်း၊ ဘဏ္ဍာရန်ပုံငွေတိုးခြင်း၊ ဝန်ထမ်းအင်အား တိုးခြင်းနှင့် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ ပါဝင်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းက စောင့်ကြပ်ကြည့်ရှုခြင်း ထိန်း ချုပ်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း သယံဇာတတည်ရှိမှုကို အကဲဖြတ်ခြင်းနှင့် ဆန်းစစ်ခြင်း၊ ဒေသခံပြည်သူများ ပါဝင်လာစေခြင်းနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် ဇီဝလုံခြုံမှု၊ ငါးလုပ်ငန်း စောင့်ကြပ်ကြည့်ရှုခြင်းနှင့် နေရာဒေသ ဖော်ပြမှုများပါရှိသော ကိန်းဂဏန်းအချက်အလက်များတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် ငါးလုပ်ငန်းဦးစီးဌာန၏ စွမ်းရည်ကို မြှင့်တင်ပေးပါလိမ့်မည်။ 22 EIA စနစ့် င်းမြင်သာမှုရသ ၁၂။ ပွငလီ ခှိ ည့် ပတ်ဝန်းကျင်စမံ န့ခ် မွဲ ဆို ရှု င်ာ သတင်းအချက်အလက်စနစ် ထူထောင်ခြင်း ပွင့်လင်းမြင်သာမှုရှိသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်သည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်း၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များ ရေးသားပြုစု၊ စိစစ်သုံးသပ်နေသည့် အခြေအနေကို ခြေရာခံခြင်းဆောင်ရွက်ရန်နှင့် ထိန်းညှိသည့်အဖွဲ့ အစည်းနှင့် ဆက်စပ်ပတ်သက်သူများက အစီရင်ခံ စာပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုက်နာဆောင်ရွက်စေခြင်းများကို လည်း ပံ့ပိုးပေးနိုင်ရန် လိုအပ်ပါသည်။ အများပြည်သူပူးပေါင်းပါဝင်ခြင်းနှင့် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းများကို အလေး ထားလာကြခြင်းသည် လက်ရှိအဖွဲ့ အစည်းဆိုင်ရာ စွမ်းဆောင်ရည် အကျပ်အတည်းကို လျှော့ချရာတွင် များစွာကူညီ ရာရောက်ပါသည်။ ၁၃။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ စိစစ်သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း များအတွက် ဘေးအန္တရာယ်ရှိမှုနှင့် ရလဒ်များကို အခြေပြုသော နည်းလမ်းအား အသုံးပြုခြင်း ဤလုပ်ငန်းစဉ်သည် လက်ရှိ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ စိစစ်သုံးသပ်ခြင်းကို အလေးပေးလုပ် ဆောင်နေခြင်းအပိုင်းအား အစီရင်ခံစာပါအတိုင်း အကောင်အထည်ဖော်ခြင်း၊ လိုက်နာဆောင်ရွက်စေခြင်းတို့ကို စနစ်တကျ ဆက်လက်ဆောင်ရွက်စေမည့် အပိုင်းကိုပါ တိုးချဲ့ဆောင်ရွက်စေခြင်းဖြစ်ပါသည်။ ဘေးအန္တရာယ်ရှိမှု များသော သို့မဟုတ် ထိခိုက်လွယ်သော စီမံကိန်းများကို အစီရင်ခံစာ စိစစ်သုံးသပ်ခြင်း ဦးစားပေးဆောင်ရွက်သင့် ကာ အစီရင်ခံစာများ အတည်ပြုခြင်းအား ဘေးအန္တရာယ်ရှိမှုပေါ် မူတည်၍ လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်အပ်နှင်းခြင်းများ အလေးပေးဆောင်ရွက်သင့်ပါသည်။ စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုက်နာဆောင်ရွက်ခြင်း များကို လက်တွေ့ ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် အား ရိုးရိုးရှင်းရှင်း ပြင်ဆင်ခြင်း၊ စက်မှုလုပ်ငန်းများ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှင်းလင်းပြတ်သားသည့် လိုက်နာဆောင်ရွက်စေခြင်းဆိုင်ရာ မဟာဗျူဟာတစ်ရပ် ချမှတ်ခြင်းများ လိုအပ်ပါသည်။ ၁၄။ ပတ်ဝန်းကျင်ထခို မိ က် ဆှု န်းစစ်ခြင်းနှင့် လိကု န်ာဆောင်ရက် န်းများအတွက် ကုနကွြ် ခင်းလုပင်ာမိစေရန်ျစရိတကု မ ခိင်ာသေချာသည့် ဘဏ္ဍာရေးယန္တရား တည်ဆောက်လည်ပတ်ခြင်း ဤလုပ်ငန်းစဉ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို အကောင်အထည်ဖော်ဆောင်ရွက် ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ရာတွင် ကျခံသုံးစွဲနိုင်ရန် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုရန်ပုံငွေ တည်ထောင်လည်ပတ်လုပ်ကိုင်ခြင်း ပါဝင်ပါသည် (Schulte နှင့် Baird ၂၀၁၈)။ ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေကို သဘာဝပတ်ဝန်းကျင် ဝန်ဆောင်မှုများအတွက် ပေးချေရမည့်စနစ် တစ်ခု တည်ထောင်ခြင်းဖြင့် ပိုမိုတိုးပွားများပြားလာအောင် ဆောင်ရွက်နိုင်ပါမည်။ ၁၅။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အဖွဲ့ အစည်းများ အားကောင်းစေခြင်းနှင့် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တွင် စွမ်းဆောင်ရည် တိုးမြင့်လာစေရန် ရင်းမြစ်များ ရှာဖွေခြင်း အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ပတ်ဝန်းကျင်ရေးရာနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု စီမံခန့်ခွဲရေးတို့ကို တာဝန်ယူဆောင်ရွက်ရသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြားအဖွဲ့ အစည်းများအား ကြီးထွားလာသော စီးပွားရေးကဏ္ဍများ၊ ကျယ်ပြောလာသည့် ဥပဒေကြောင်းဆိုင်ရာ လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၎င်းတို့လိုအပ်သော ဝန်ထမ်း အင်အားနှင့် ပစ္စည်းကိရိယာများ ပံ့ပိုးကူညီရမည်ဖြစ်ပါသည်။ အခြား အဖွဲ့ အစည်းဆိုင်ရာ အားကောင်းစေခြင်းလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ကနဦး ပတ်ဝန်း ကျင် ဆန်းစစ်ခြင်း အစီရင်ခံစာများ စိစစ်သုံးသပ်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအား ပံ့ပိုးနိုင်ရန် တတိယ အဖွဲ့  EIA စိစစ်သုံးသပ်ခြင်းအဖွဲ့  ဖော်ဆောင်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာနခွဲနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေး ဌာနခွဲများ၏ လိုက်နာဆောင်ရွက်စေခြင်း၊ စစ်ဆေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆက်စပ်ပတ်သက်သူများ၏ စွမ်းဆောင် ရည် မြှင့်တင်နိုင်ရန် ဘေးကင်း လုံခြုံမှုအစီအမံများ သင်တန်းကျောင်းကို ပိုမိုခိုင်မာ အားကောင်းအောင် ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ 23 အစိုင်အခဲ စွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းခြင်း ၁၆။ ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းစီမံချက်အတွက် လမ်းပြမြေပုံ ရေးဆွဲပြင်ဆင်ခြင်း ပလတ်စတစ် အန္တရာယ်ကို ဖြေရှင်းရန် စီမံချက် စနစ်တကျရေးဆွဲရန် အရေးကြီးပါသည်။ အဆိုပါ စီမံချက်တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်- ပတ်ဝန်းကျင်အပေါ် ကျရောက်သည့် ပလတ်စတစ်၏ ဆိုးကျိုးများကို ဆန်းစစ်ခြင်း၊ ပလတ်စတစ်ဆိုင်ရာ အဓိကဦးစားပေးဆောင်ရွက်ရမည့်အရာများကို ဖော်ထုတ်သတ်မှတ်ခြင်း၊ အကောင်အထည် ဖော်ရန်အတွက် အချိန်အတိုင်းအတာနှင့် ဘဏ္ဍာရန်ပုံငွေပမာဏတို့ကို ဆုံးဖြတ်ခြင်း ၁၇။ ရေရှည်တည်တံ့သည့် ဘဏ္ဍာရေးနှင့် စွန့်ပစ်ပစ္စည်း သိမ်းဆည်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေ ခြင်း အစိုင်အခဲစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအတွက် အခွန်ငွေရရှိမှု တိုးမြင့်လာစေမည့်၊ ကုန်ကျစရိတ် ထိရောက်သက်သာစေမည့် နည်းလမ်းများကို ဒေသဆိုင်ရာ ကုန်ကျစရိတ်များ သုံးသပ်ခြင်း အစီရင်ခံစာတွင် ဆန်းစစ်ဖော်ထုတ်သွားပါမည်။ အစိုင်အခဲ စွန့်ပစ်ပစ္စည်း သိမ်းဆည်းနိုင်မှု တိုးမြင့်စေမည့် အစီအမံများနှင့် လက်ရှိအမှိုက်စုပုံသည့် နေရာများကို ပတ်ဝန်းကျင် မထိခိုက်စေသည့် စနစ်တကျ မြေဖို့စွန့်ပစ်သည့်နေရာများ ဖြစ်လာအောင် ပြုပြင်ခြင်း သို့မဟုတ် အသစ် ဖော်ထုတ်မည့် မြေဖို့စွန့်ပစ်သည့်နေရာများကို ထိုသို့ စနစ်တကျဖြစ်လာစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို ကမ္ဘာ့ဘဏ်၏ အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ညစ်ညမ်းမှုစီမံခန့်ခွဲခြင်းအပေါ် ဆန်းစစ်သုံးသပ်သည့် လေ့လာမှု၏ အစိတ် အပိုင်းတစ်ရပ်အနေဖြင့် ဖော်ထုတ်သတ်မှတ်ထားပါသည်။ ၁၈။ လေထုအရည်အသွေးနှင့် စွန့်ပစ်ပစ္စည်း လမ်းကြောင်းများကို စောင့်ကြပ်ကြည့်ရှုရာတွင် ရင်းနှီးမြှုပ်နှံခြင်း အစိုင်အခဲစွန့်ပစ်ပစ္စည်း၊ လေထုညစ်ညမ်းမှုဆိုင်ရာ ထိခိုက်နိုင်မှုများ နှင့် အဆိုပါအရာများကို စီမံခန့်ခွဲ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သိနားလည်ရန် အရေးကြီးပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လူဦးရေ များပြားသော နေရာ (စင်တာ) များကို ဦးစွာ အလေးမူအာရုံစိုက်၍ အမျိုးသားအဆင့် လေထုအရည်အသွေး စောင့်ကြပ်ကြည့်ရှုသည့် ကွန်ယက်တစ်ခု တည်ထောင်ခြင်းနှင့် ရိုးရှင်း၍ ကုန်ကျစရိတ် ထိရောက်သက်သာသည့် နည်းပညာများကို အသုံးပြုကာ အစိုင်အခဲ စွန့်ပစ်ပစ္စည်း ဆန်းစစ်မှုနှင့် စီမံခန့်ခွဲမှုတို့တွင် ရင်းနှီးမြှုပ်နှံထည့်ဝင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ 24