၂ဝ၁၇ ခုနှစ် ဩဂုတ်လ ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ဖော်ပြချက် အနှစ်ချုပ်တင်ပြချက် Ministry of Planning and Finance 1 ဆင်းရဲနွမ်းပါးမှုနှင့် လူနေမှုအဆင့်အတန်းအား ပူးတွဲလေ့လာစိစစ်ချက် ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် the Poverty and Equity Global Practice တို့မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာအဖွဲ့ က ဆောင်ရွက်ခဲ့ပါသည်။ ပူးတွဲလေ့လာစိစစ်ချက်မှ တွေ့ရှိချက်များကို အပိုင်း ၂ ပိုင်းပါ အစီရင်ခံစာဖြင့် အနှစ်ချုပ် တင်ပြထားပါသည်။ 1 အပိုင်း ၁ သည် အချိန်ကာလတစ်လျှောက် ဆင်းရဲနွမ်းပါးမှု အလားအလာ ကို ဖော်ပြထားပါသည်။ ဆင်းရဲနွမ်းပါးမှုတိုင်းတာချက် လုပ်ငန်းစဉ်ဆိုင်ရာ နည်းပညာအသေးစိတ်များအား နောက်ဆက်တွဲများတွင် ဖော်ပြထား ပါသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုအား ပထမဆုံးအကြိမ်အဖြစ် တိုင်းတာပြီးနောက် ဆယ်စုနှစ် တစ်ခုကြာ လူထု၏ လိုအပ်ချက်များအား ထင်ဟပ်စေရန် အသုံးပြုခဲ့သော ဆင်းရဲနွမ်းပါးမှု တိုင်းတာပုံ တိုင်းတာ နည်းများအား ပြန်လည်စိစစ် တည်းဖြတ် ပြင်ဆင်ရန် အကြံပြုချက်များ အားလည်း ဤအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ 2 အပိုင်း ၂ (မကြာမီဆက်လက်ထွက်ပေါ်လာမည်) သည် ဆင်းရဲနွမ်းပါးမှု မျဉ်းသစ်အပေါ် အခြေပြုထားသော ၂၀၁၅ခုနှစ်အတွက် ဆင်းရဲ နွမ်းပါးမှု လေ့လာချက်အား တင်ပြထားပါသည်။ ဆင်းရဲနွမ်းပါးမှုအား ယခင်က ခန့်မှန်းတွက်ချက်ရာတွင် ၂၀၀၄/ ၂၀၀၅ နှင့် ၂၀၀၉/ ၂၀၁၀ များတွင် ကောက်ယူခဲ့သော ပေါင်းစည်းအိမ်ထောင်စု စားဝတ်နေရေးအခြေအနေ ဘက်စုံ လေ့လာမှုစစ်တမ်းများမှရရှိသည့် အချက်အလက်များကို အသုံးပြုခဲ့ပါသည်။ ဤအစီရင်ခံစာ အပိုင်း ၁ ၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ မြန်မာနိုင်ငံဆင်းရဲနွမ်းပါးမှုနှင့် နေထိုင်မှု အခြေအနေလေ့လာမှုစစ်တမ်းမှ ရရှိလာသောအချက်အလက်များအား အသုံးပြု၍ ၂၀၁၅ ခုနစှ် ဆင်းရဲနွမ်းပါးမှု အကဲဖြတ် သုံးသပ်ချက်တစ်ရပ်ကို ထုတ်ဖော်တင်ပြရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ဆင်းရဲနွမ်းပါးမှုအား ကွဲပြားခြားနားသော ချဉ်း ကပ်ပုံ နည်းလမ်းနှစ်သွယ်ဖြင့် တွက်ချက်ခန့်မှန်းခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရနှင့် ယင်း၏ဖွံ့ဖြိုးမှု မိတ်ဖက်များသည် IHLCA-I မှ ရရှိသော အချက်အလက်များအား အသုံးပြု၍ ဆင်းရဲနွမ်းပါးမှုကို ကနဦးတိုင်းတာခဲ့ပါသည်။ ဤပထမဆုံး ဆင်းရဲနွမ်းပါးမှုတိုင်းတာပုံတိုင်းတာနည်းမှာ ဆင်းရဲနွမ်းပါးမှုမျဉ်းနှင့် ၂၀၀၄/ ၂၀၀၅ ခုနှစ် လူနေမှုဘဝအခြေအနေ ခန့်မှန်းတွက်ချက်မှုများအပေါ် အခြေပြု ခြင်းဖြစ်သည်။ ၂၀၀၄/ ၂၀၀၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုကို ၃၂.၁ ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့ပြီး ၂ဝဝ၉/ ၂ဝ၁ဝ ခုနှစ်၌ ၂၅.၆ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း ခန့်မှန်းခဲ့ပါသည် (မြန်မာနိုင်ငံအစိုးရနှင့်အဖွဲ့ ၂၀၀၇၊ ၂၀၁၁)။ ၂ဝဝ၉/ ၂ဝ၁ဝ လူနေမှု အဆင့်အတန်းအပေါ်အခြေပြုသော ဆင်းရဲနွမ်းပါးမှုခန့်မှန်းချက်တစ်ရပ်ကို IHLCA-II မှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ကမ္ဘာ့ဘဏ်အဖွဲ့က ၂ဝ၁၄ ခုနှစ်တွင် ပြုစုထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာ့ဘဏ်အဖွဲ့သည် ၂ဝဝ၉/ ၂ဝ၁ဝ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းကို ၃၇.၅ ရာခိုင်နှုန်း ဟု ခန့်မှန်းခဲ့ပါသည် (ကမ္ဘာ့ဘဏ် ၂ဝ၁၄)။ ဤအစီရင်ခံစာအနေဖြင့်ဆိုရသော် မြန်မာနိုင်ငံတွင် ၂၀၀၄/ ၂၀၀၅ နှင့် ၂၀၁၅ ခုနှစ်များအကြားတွင် လူနေမှုအဆင့်အတန်းများ တိုးတက်လာပြီး ဆင်းရဲ နွမ်းပါးမှု လျော့ကျလာခဲ့ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံအစိုးရအဖွဲ့နှင့် ယင်း၏ဖွံ့ဖြိုးမှုမိတ်ဖက်များက ၂၀၀၄/ ၂၀၀၅ ခုနှစ်မှ လူနေမှုအဆင့်အတန်းအပေါ် အခြေပြုလျှက် ၂၀၀၇ ခုနှစ်တွင် အဆိုပြုခဲ့သော ပထမ နည်းလမ်းအရ တွက်ချက်သည့် ဆင်းရဲနွမ်းပါးမှုသည် ၂၀၀၄/ ၂၀၀၅ ခုနှစ်တွင် ၃၂.၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၉/ ၂၀၁၀ တွင် ၂၅.၆ ရာခိုင်နှုန်း နှင့် ၂၀၁၅ ခုနှစ်တွင် ၁၉.၄ ရာခိုင်နှုန်းသို့ လျော့ကျလာခဲ့သည်။ ထိုနည်းတူစွာပင် ကမ္ဘာ့ဘဏ်အဖွဲ့က ၂၀၁၄ ခုနှစ်တွင် အဆိုပြုတင်ပြခဲ့သည့် နည်းလမ်းအား အသုံးပြုတွက်ချက်ရာတွင်လည်း ဆင်းရဲနွမ်းပါးမှု လျော့ကျလာသည်ကို တွေ့ရပါသည်။ ယင်းဒုတိယနည်းလမ်းအရ တွက်ချက်ရာတွင် ဆင်းရဲနွမ်းပါးမှုမှာ ၂၀၀၄/ ၂၀၀၅ ခုနှစ်တွင် ၄၄.၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၉/ ၂၀၁၀ တွင် ၃၇.၅ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၂၆.၁ ရာခိုင်နှုန်းများသို့ အသီးသီးလျော့ကျလာကြောင်း ခန့်မှန်း ရရှိပါသည်။ 50% 45% 40% 44.5% Headcount poverty Rate 35% 37.5% 30% 32.1% 25% 25.6% 26.1% 20% 15% 19.4% 10% 0% 2004 / 05 2009 / 10 2015 GoM et al (2007), based in 2004/05 living conditions World Bank (2014), based in 2009/10 living conditions် န ညွှနကိး များစွာမှတစ်ဆင်ြ့ ကွယဝ် မှုတိးု ပွားလာသည်ကေ့  ရို တွရှိ ပါသည်။ အဆိုပါကြွယ်ဝမှုများတိုးပွားလာခြင်းကို ပျမ်းမျှ စားသုံးမှု အသုံးစရိတ်နှင့် ရပိုင်ခွင့် ပစ္စည်းများ ပိုင်ဆိုင်မှုတို့အပါအဝင် ပြည့်စုံဖူလုံမှု အတိုင်းအတာများတွင်လည်း ထင်ဟပ်ဖော်ပြနေပါသည်။ အသုံးစရိတ်တိုးတက်မှုတွင် ကျေးလက်ထက်မြို့ပြတွင်တိုးတက်မှုက ပိုမိုမြန်ဆန်သည်ကို တွေ့ရပါသည်။ ကျေးလက်ဒေသများတွင် လူနေမှုအဆင့်အတန်းမှာ သိသိသာသာ တိုးတက်မှုများ မြင်တွေ့ရသော်လည်း အပြောင်းအလဲများမှာ မြန်မာနိုင်ငံ၏ မြို့ကြီး/ မြို့ငယ်များတွင် မြင်တွေ့ရသည်ထက် ပိုနည်းသည်။ လယ်ယာစိုက်ပျိုးရေးတွင် အလုပ်လုပ်ကိုင်သူ လူဦးရေ အချိုးအစားမှာ ၂ဝဝ၄/၂ဝဝ၅ နှင့် ၂၀၁၅ ခုနှစ်များအတွင်း အပြောင်းအလဲ မရှိသလောက် ဖြစ်ပြီး စိုက်ပျိုးရေးတွင် တိုးတက်မှုမှာ စက်မှုနှင့် ဝန်ဆောင်မှုတွင် တိုးတက်မှုထက် ပိုမိုနည်းပါးသည်။ အခြေအနိမ့်မှ တိုင်းတာသော်လည်း မညီမျှမှု အတိုင်းအတာများမှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း မြင့်တက်လာခဲ့သည်။ မညီမျှမှုမြင့်တက်လာခြင်းမှာ မှတ်သားလောက်ဖွယ်ဖြစ်သော်လည်း ပိုမို ကောင်းမွန် သော ပညာရေးနှင့် ပိုမိုများပြားသော အရင်းအနှီးရှိသူများအနေဖြင့် အစောပိုင်း လွတ်လပ်ခွင့်ပြုခြင်းနှင့် ပြုပြင်ပြောင်းလဲရေးများမှ အကျိုးကျေးဇူးများရရှိခဲ့သဖြင့် အံ့သြစရာတော့ မဟုတ်ပါ။ မညီမျှမှု မြင့်တက်လာခြင်းမှာ ဒေသတွင်း နိုင်ငံများစွာတွင် မြင်တွေ့ရသည့် ပြုပြင်ပြောင်းလဲရေးကာလ ပုံစံတူအတွေ့အကြုံများပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မညီမျှမှုကိန်းဂဏန်းများမှာ ဒေသဆိုင်ရာ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ အမြင်တွင် သိသာထင်ရှားသည့်အဆင့်၌မရှိသော်လည်း ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုများသည် ပြည်သူလူထုတစ်ရပ်လုံးထံရောက်ရှိသည်ကို သေချာစေရေး အတွက် စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် အရေးကြီးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လယ်ယာနှင့် ကျေးရွာများတွင် ပိုမိုခိုင်မာအားကောင်းသည့် တိုးတက်မှုများ ရရှိစေရန် ထောက်ကူပံ့ပိုးပေးခြင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် မညီမျှမှု ထိန်းချုပ်ရေး နှစ်ခုစလုံးအတွက် အရေးကြီးသည့်အချက်ဖြစ်သည်။ ပူးတွဲ စိစစ်သုံးသပ်ချက်သည် မြန်မာအစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်တွင် တွေ့ရှိရသော လူနေမှုအဆင့်အတန်းနှင့် ဆင်းရဲနွမ်းပါးသူများ၏ လိုအပ် ချက်များကို ပိုမိုကောင်းမွန်စွာ ထင်ဟပ်နိုင်ရေးအတွက် ယင်း၏ ဆင်းရဲ နွမ်းပါးမှု တိုင်းတာပုံ တိုင်းတာနည်းအား ပြန်လည်စိစစ် သုံးသပ်ရန်နှင့် အခြေတည်နည်းကို ပြန်လည်ပြင်ဆင်ရန် အကြံပြုထားပါသည်။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ခန့်မှန်းခြေမှာ လက်ရှိတွင် ဆင်းရဲနွမ်းပါးမှုအား မြန်မာ နိုင်ငံ၌ ပထမဆုံး တိုင်းတာသည့် ၂၀၀၄/ ၂၀၀၅ ခုနှစ် လူနေမှုဘဝအခြေအနေများကို အခြေခံထားတွက်ချက်ခြင်းဖြစ်သည်။ ၂၀၀၄/ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် ယင်း၏ ဆင်းရဲနွမ်းပါးသူများ၏ လိုအပ်ချက်များသည် နည်းမျိုးစုံဖြင့် ပြောင်းလဲ နေခြင်းကြောင့် ပူးတွဲနည်းပညာဆိုင်ရာ ခွဲခြားစိတ်ဖြာသုံးသပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ သုံးစွဲမှု စုစုပေါင်းနှင့် ဆင်းရဲနွမ်းပါးမှုမျဉ်းကို အခြေပြန်လည် သတ်မှတ်ရန်နှင့် ပြန်လည် စိစစ်သုံးသပ်ရန် ထောက်ခံအကြံပြုခြင်းဖြစ်ပါသည်။ အစားအသောက် မဟုတ်သည့် ကုန်စည်အမယ်များ ပါဝင်မှု အချိုးအစား တိုးပွားလာခြင်းကဲ့သို့သော လူနေမှုဘဝ အခြေအနေ ပြောင်းလဲလာမှုများကို ထင်ဟပ်ဖော်ပြနိုင်ရန်နှင့် စစ်တမ်းကောက်ယူ ခြင်းနှင့် ဆင်းရဲနွမ်းပါးမှု ခန့်မှန်းတွက်ခြင်းဆိုင်ရာ နည်းလမ်းများ ပြောင်းလဲလာခြင်း တို့ကို ထင်ဟပ်ဖော်ပြနိုင်ရန်တို့အတွက် နိုင်ငံ၏ ပြည့်စုံဖူလုံမှု စုစုပေါင်းနှင့် ဆင်းရဲ နွမ်းပါးမှုမျဉ်းကို အနီးစပ်ဆုံး ၁၀ နှစ်လျှင် တစ်ကြိမ်အခြေအနေ အချိန်အခါနှင့် လျော်ညီအောင် ပြုပြင်ရေးအား ထောက်ခံအကြံပြုထားပါသည်။ ဤသို့ ပြန်လည် စိစစ်သုံးသပ်ပြင်ဆင်ခြင်းကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင် များအတွက် အစီရင်သည့်ကာလအဆုံးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်း ချက်ပန်းတိုင်များအတွက် နိုင်ငံတကာစောင့်ကြပ် ကြည့်ရှုစစ်ဆေးမှု ကာလ သစ်၏ အစတွင် ဆောင်ရွက်ရန်အကြံပြုထားပါသည်။ ၂၀၀၄/ ၂၀၀၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုအား ပထမဆုံးစတင်တိုင်းတာ ခဲ့ချိန်မှစပြီး လူနေမှု ဘဝအခြေအနေများနှင့် ဆင်းရဲနွမ်းပါးသူများ၏ လိုအပ်ချက်များသည် နည်းလမ်း ၃ သွယ်ဖြင့် ပြောင်းလဲလာခဲ့သည်။ ပထမပြောင်းလဲပုံမှာ အိမ်ထောင်စု ကုန်စည်ဈေးခြင်းတောင်းတွင် အစားအသောက် ကုန်စည်အမယ်များ ပါဝင်မှုအချိုးအစား ကျဆင်းလာပြီး အစားအသောက် မဟုတ်သော ကုန်စည်အမယ်များ ပိုမိုတိုးတက်စုံလင်လာသည်။ အစားအသောက်မဟုတ်သော ကုန်စည် အမယ်များပိုမိုစုံလင်များလာခြင်းကို ရယူသုံးစွဲနိုင်ရန် လိုအပ်ချက်များလည်း မြင့်မားလာသည်။ ဒုတိယပြောင်းလဲပုံနှင့် ဆက်စပ်မှုမှာ ကုန်စည်များ၏ အရေအတွက် နှင့် အမျိုးအမည်များ အထူးသဖြင့် အိမ်ထောင်စုပိုင်ဆိုင်မှုများ တိုးပွားလာခြင်းဖြစ်သည်။ တတိယပြောင်းလဲပုံမှာ အဓိကဝန်ဆောင်မှုများအတွက် အစိုးရ၏ဝန်ဆောင်မှုပေးခြင်း က အိမ်ထောင်စုများ ၎င်းတို့၏ သယံဇာတရင်းမြစ်များကို ကုန်စည်အမယ်များ တိုးချဲ့ စုံလင်စေရန် သုံးစွဲခြင်းကို တိုးတက်ခွင့်ပြုပေးပြီး ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှု များက အိမ်ထောင်စုများ၏ သုံးစွဲမှုပုံစံများကို ပြောင်းလဲလာစေခြင်းဖြစ်သည်။ ထို့ကြောင့် ဤအစီရင်ခံစာအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင်တွေ့ရှိခဲ့ရသည့် လူထု၏ လိုအပ် ချက်များအား ထင်ဟပ်နိုင်စေရန် အတွက် သုံးစွဲမှုစုစုပေါင်းနှင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအား ပြန်လည် စိစစ် သုံးသပ်ပြင်ဆင်ရန် ထောက်ခံအကြံပြုခြင်းဖြစ်ပါသည်။ နိုင်ငံအဆင့် ဆင်းရဲနွမ်းပါးမှု တိုင်းတာပုံတိုင်းတာနည်းအား ပြန်လည်စိစစ် သုံးသပ် ပြင်ဆင်ရန် နှင့် အခြေပြန်လည် ပြင်ဆင်ရန် ထောက်ခံအကြံပြုချက်များအား လက်ခံ ပြီးသည့်နောက်ဝယ် ဆင်းရဲနွမ်းပါးမှု အကဲဖြတ်သုံးသပ်ချက် အပိုင်း ၂ (မကြာမီ ဆက်လက်ထွက်ပေါ်လာမည်)သည် မြန်မာနိုင်ငံအတွက် ပြန်လည်စိစစ်သုံးသပ် ပြင်ဆင်ထားသော၊ အခြေ ပြန်လည်ပြင်ဆင်ထားသည့် ဆင်းရဲနွမ်းပါးမှု တိုင်းတာပုံ တိုင်းတာနည်းအသစ်အား အသုံးပြုလျှက် ဘက်စုံ ဆင်းရဲနွမ်းပါးမှု လေ့လာချက်အား တင်ပြမည်ဖြစ်သည်။ The World Bank Myanmar No 57, Pyay Road, (Corner of Shwe Hinthar Road) www.worldbank.org/myanmar 61/2 Mile, Hlaing Township, www.facebook.com/ Yangon, Republic of the Union of Myanmar myanmar@worldbank.org